Friday, March 01, 2013

စစ်မှန်သည့် ငြိမ်းချမ်းရေးရရန် ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်ရုံ ညစာစားပွဲများ ကျင်းပနေရုံမျှနှင့် မလုံလောက်ဘူးဆိုသည်ကို နားလည်လက်ခံထားကြောင်း ပြည်သူသို့ ပြောကြားသည့် တတိယအကြိမ်မြောက် ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထည့်သွင်းပြောကြား

Posted by drmyochit Friday, March 01, 2013, under | No comments


၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ်ဆိုက်)

စစ်မှန် သည့် ငြိမ်းချမ်းရေးရရန် ခေါင်းဆောင်များ လက်ဆွဲနှုတ် ဆက်ရုံ ညစာစားပွဲများ ကျင်းပနေရုံ မျှနှင့် မလုံလောက်ဘူး ဆိုသည်ကို နားလည် လက်ခံ ထားကြောင်းနှင့် ယင်းသို့ အစပြု တွေ့ဆုံ မှုများမှ တစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မများ ရယူပြီး ရေရှည်ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက် ဖို့ အခြေခံအုတ်မြစ်များ တည်ဆောက်ရမှာ ဖြစ်သည်ဟု မတ်လ ၁ ရက် နံနက် ၇ နာရီက ပြည်သူ သို့ ပြောကြားသည့် တတိယအကြိမ်မြောက် ရေဒီယို မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့သည်။


လွန်ခဲ့သည့် ၆၆ နှစ်၊ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် အခက်အခဲများကြားက ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင်လည်း အမျိုးသား စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်နိုင်မည့် အလားအလာများကို မြင်တွေ့ခဲ့ကြရ ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက “ယခင်ကာလများက အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးနဲ့ သဘောထားကွဲလွဲမှု အမျိုးမျိုးတွေကြောင့် စားပွဲတစ်ဝိုင်းတည်း အတူ ထိုင်ဖို့ အခြေအနေ မပေးနိုင်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ပါတီများနဲ့ အဖွဲ့အစည်းများ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များမှ ဥက္ကဌများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့်အတူ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များလည်းအတူ တစ်ကွမျက်နှာစုံညီ ထူးခြားစွာ တက်ရောက်နိုင်ခဲ့တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းသို့ ပြည်ထောင်စုနေ့ အခမ်းအနားအား ထူးခြားစွာ ကျင်းပနိုင်ရေးအတွက် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရပြီး ပေးဆပ်မှု အလွန်များပြားခဲ့ရကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေသည့် ခေါင်းဆောင်များအကြား နားလည်ယုံကြည်မှု ပိုမိုခိုင်မာစေခဲ့ကြောင်းနှင့် ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ခေါင်းဆောင်များ အခက်အခဲ အမျိုးမျိုးကြောင့် တက်ရောက်လာနိုင်ခြင်း မရှိသည်ကိုလည်း နားလည်ပေးရမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ငြိမ်းချမ်းရေး အဖွဲ့ အစည်း များမှ ခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ် ဆိုက်)

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ခဲ့ခြင်း ကလည်း ဗိုလ်ချုပ်အောင်ဆန်းအတွက် မြန်မာပြည်သူများက ပေးနိုင်မည့် အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတက ဆိုသည်။

ဖေဖေါ်ဝါရီ (၄) ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေလီငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်များနှင့် ပတ်သက်သည့် ကေအိုင်အို၏ ထုတ်ပြန်ချက် များမှာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူရည်တူ ရှိမှုနဲ့ ကိုယ်ပိုင်အခွင့်အရေး ရပိုင်ခွင့် စတဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံအဖြေ ရှာမယ်ဆိုတဲ့ သဘောထား ရပ်တည်ချက်များကို တွေ့ရတဲ့အတွက်လည်း များစွာ ၀မ်းမြောက်မိကြောင်းနှင့် လုံခြုံရေး အခြေအနေ ပိုမိုကောင်းမွန် လာတာနဲ့အမျှ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း စတင်ပို့နိုင်ပြီ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောသည်။

မကြာမီကာလ အတွင်းမှာ KIO/KIA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်နိုင်တော့မည် ဖြစ်ကြောင်းနှင့် နိုင်ငံရေးဆွေးနွေးမှုများမှ အမျိုးသား အဆင့် တွေ့ဆုံဆွေးနွေးပွဲအထိ တက်လှမ်းနိုင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင် ရွက်သွား ရမှာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ဟာ အခြားနိုင်ငံများ၏ အကြံများနှင့် မတူဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့လောက်နဲ့ တပြိုင်တည်း ညှိနှိုင်းနေရတာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေဟ ပိုမိုကြီးမားတယ်ဆိုတဲ့ အမှန်တရားကို ရိုးသားစွာ လက်ခံထားရမှာ ဖြစ်ပါတယ်” ဟု လည်း နိုင်ငံတော် သမ္မတက ပြောသည်။

နိုင်ငံတော်သမ္မတက “ဖေဖေါ်ဝါရီလ (၇) ရက်က အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များ ပါဝင်တဲ့ လက်ကျန် အကျဉ်းသား စီစစ်ရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်သွားမည်ဟုလည်း သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင်ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မည့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆက်သွယ်ေရေး ကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစ်စိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၎င်းစီမံကိန်းများသည် လာမည့် တစ်နှစ်၊ နှစ်နှစ် အတွင်း အကောင်အထည် ပေါ်လာမှာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်သူများ၏ လူမှုစီးပွား ဘ၀တွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းရေး ကြွေးမြီကိစ္စများ အပြီးသတ် ရှင်းလင်းနိုင်ရေး စသည့်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လိုအပ်တဲ့ အကူအညီများ ရရှိရေးအတွက် ဥရောပနိုင်ငံများကို သွားရောက်နေခြင်း ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

ခေတ်မီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်စေရန် ပြည်တွင်းအင်အားသည် အဓိကကျသော်လည်း နိုင်ငံများသည် မိမိတစ်ဦးတည်း ရပ်တည်ဖို့ မဖြစ်နိုင်သည့် အတွက် မြန်မာနိုင်ငံ အနေဖြင့်လည်း ခေတ်မီတဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံတစ်ရပ်ကို ပုံဖော်နိုင်ဖို့ ကြိုးပမ်းလျက် ရှိသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

လူငယ်များအား အလုပ်အကိုင် ရရှိရေး ကြိုးပမ်းဆောင်ရွက်နေပြီး လူမှုနိုင်ငံရေး ဘ၀များဟာ ကိန်းသေသဘောမျိုး မဟုတ်ဘဲ ကိန်းရှင်သဘောမျိုး လိုက်ပါပြောင်းလဲသွားရမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် ပြည်သူများသို့ ရေဒီယိုမိန့်ခွန်း ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် နော်ဝေနိုင်ငံသို့ ရောက်ရှိနေကာ ထိုမှတစ်ဆင့် ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ ဆက်လက်သွားရောက်မည် ဖြစ်ကြာင်း သိရသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်