Friday, March 01, 2013

ဘင်္ဂလာဒေခ်ျ့တွင် လူ ၃၃ ဦး သေဆုံးပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာကျောင်းများ မီးရှို့တိုက်ခိုက်ခံရ

Posted by drmyochit Friday, March 01, 2013, under | No comments


မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ မနေ့က ဂျာမတ် အစ္စလာမ် မီယာက ခေါင်းဆောင် တစ်ဦး သေဒဏ် ပေးခံ ရပြီးနောက် ဆူပူ အကြမ်းဖက် မူများ ပေါ်ပေါက်ခဲ့ရာမှာ လူပေါင်း ၃၃ ဦး သေဆုံးပြီး ဟိန္ဒူကျောင်း ၅ ကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတို့ မီးရှိ့ တိုက်ခိုက်ခြင်း ခံခဲ့ရ ပါတယ်။

၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပေါင်းပြီး လူသားမျိုးနွယ်အပေါ် စစ်ရာဇ ၀တ်မူတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ဂျာမတ် အစ္စလာမ်မီယာ ပါတီက ဒုဥက္ကဌ ဒေလ၀ါ ဟူစိန် ဆာယီဒီကို ဘင်္ဂလာဒေခ်ျ့က ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ ရာဇ၀တ်မူ ခုံရုံးက မနေ့က သေဒဏ်ပေးခဲ့ပါတယ်။


အဲသလို သေဒဏ်ချမှတ်လိုက်ပြီး နောက်ပိုင်းမှာ ဂျာမတ် အစ္စလာမ်မီယာပါတီနဲ့ သူရဲ့ ကျောင်းသား အဖွဲ့ ဖြစ်တဲ့ ချီဘီ ပါတီရဲ့ နောက်လိုက်တွေက ခုလို ဆူပူတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆူပူမူ အတွင်း ဟိန္ဒူ ဘုရားကျောင်း ၅ ကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း အပါ အ၀င် အိမ်တွေနဲ့ ဈေးဆိုင်တွေကို မီးရှို့ တိုက်ခိုက် တာတို့၊ လုယက်တာတို့ ဖြစ်ပေါ်ခဲ့သလို ရဲတွေနဲ့ အပြန် အလှန် တိုက်ခိုက်မူတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း မီးရှို့ခံရတာက စစ်တကောင်းခရိုင် Banshkhali  မြို့နယ် အတွင်းမှာ ဖြစ်ပြီး အဲဒီမြို့နယ်က ဟိန္ဒီ လူမျိုးတွေ အများဆုံးနေထိုင်တဲ့  Jaldi ဆိုတဲ့ နေရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

န၀ါခါလီ ခရိုင်အတွင်းက Rajganj မှာ ဟိန္ဒူ ဘုရားရှိခိုးကျောင်း တစ်ကျောင်းနဲ့ လူနေအိမ် ၈ လုံးကိုလည်း မီးရှို့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ ပစ်ခတ်တဲ့ အတွက် လူ (၂) ဦး သေဆုံး သွားခဲ့ပါတယ်။

အဓိက အားဖြင့် တိုက်ခိုက်သူတွေဟာ ဟိန္ဒူ လူမျိုးတွေ အပေါ် အဓိက ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒေလ၀ါဟူစိန် ဆာယီဒီ အမူမှာ ဟိန္ဒူ မိသားစု တစ်ချို့က မျက်မြင်တွေ အဖြစ်နဲ့ သက်သေထွက်ဆို ပေးခဲ့ကြတဲ့ အတွက် ခုလို တုန့်ပြန် တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ခုသေဆုံးသွားသူ ၃၃ ဦးထဲမှာ ရဲတပ်ဖွဲ့ဝင် ၄ ဦးပါဝင်ပြီး ဂျာမတ် အစ္စလာမ်မီယာနဲ့ ချီဘီ ကျောင်းသား အဖွဲ့က လူပေါင်း ၂၀ သေဆုံးရာမှာ ပါဝင်တယ်လို့ အဲဒီအဖွဲ့က ပြောကြောင်း သတင်းစာတွေမှာ ရေးသား ဖေါ်ပြ ပါတယ်။

ဒီနေ့ဟာ သောကြာနေ့ ဖြစ်တာကြောင့် နေ့လည်ပိုင်းမှာ အခြေအနေ ပိုဆိုးနိုင်တဲ့ အတွက် ဗုဒ္ဓဘာသာ ၀င်တွေ အပါအ၀င် လူနည်းစုတွေကတော့  သူတို့ရဲ့ လုံခြုံရေးကို အထူး စိုးရိမ်နေကြပါတယ်။

နိုင်ငံ အနှံ့အပြားမှာ လုံခြုံရေးတွေကို တိုးမြှင့်ထားပြီး လမ်းတွေပေါ်မှာတော့ ဒေလ၀ါ ဟူစိန် ဆာယီဒီကို နိုင်ငံ တကာ ခုံရုံးက သေဒဏ် ပေးလိုက်တဲ့အတွက် သီချင်းတွေ ဖွင့်ပြီး လူစု လူဝေးနဲ့ အောင်ပွဲ ခံနေကြ သူတွေ ရှိသလို သေဒဏ်ပေးမူ အပေါ် မကျေနပ်တဲ့ သူတွေကလည်း တချို့ တချို့ နေရာတွေမှာ တိုက်ခိုက် ဖျက်ဆီး မူတွေကို ဆက်လုပ်နေကြတယ်လို့ သိရပါတယ်။

narinjira

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်