Monday, November 12, 2012

မနက်ပိုင်း ငလျင်လှုပ်ရာ ဒေသများသို့ ညနေပိုင်းအရောက်သွားသည့် ၅၈ နှစ်အရွယ် ဒုသမ္မတ ဦးဥာဏ်ထွန်း

Posted by drmyochit Monday, November 12, 2012, under | No comments



မြေငလျင်ဒဏ်ခံခဲ့ရသော ဒေသများသို့ နိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်း သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။  စစ်ကိုင်းပြတ်ရွေ့ ကြောပေါ်ရှိ ရွှေဘိုမြို့အနီး ယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘို၊ ကျောက်မြောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ အမရပူရ၊ စဥ့်ကူး၊ သပိတ်ကျင်း စသောမြို့များ ငလျင်ဒဏ်ခံခဲ့ရသည်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် နာရီပိုင်းအတွင်း အစိုးရအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးယခုကဲ့သို့ သွားရောက်မှုမှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လာရောက်ဖွယ်ရှိကြောင်း ယင်းတံတား စီမံကိန်း ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်