Monday, November 12, 2012

မထင်မှတ်သော ငလျင်လူပ်ခတ်မူကြောင့် မြန်မာပြည်သူများ သေကြေ/ ဒဏ်ရာရသော်လည်း ပြည်သူတွေကို အရမ်းချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသွားမည့်ခရီးစဉ် မရွှေ့ဆိုင်း

Posted by drmyochit Monday, November 12, 2012, under | No comments


လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်လူပ်မူကြောင့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြည်သူအချို့ သေဆုံးဒဏ်ရာ ရခဲ့မူများဖြစ်ပေါ်ခဲ့ သော်လည်းဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တစ်စုံတစ်ရာမျှ လုပ်ဆောင်ပေးခြင်း မရှိဘဲအိန္ဒိယ နိုင်ငံသို့သွားရောက်မည့်ခရီးစဉ် ကိုသာအလေးထား ဦးစားပေးလုပ်ဆောင်ခဲ့သည်။  
'' နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းမှာ အိန္ဒိယ ၀န်ကြီးချုပ်မန်မို ဟန်ဆင်းနဲ့ တွေ့ဆုံဆွေးနွေးမယ်။ ညနေပိုင်း နေရူး အထိမ်းအမှတ် အခမ်းအနားမှာ နေရူး Memorial Lecture ဟောပြောမယ်။ ၁၅ ရက်နေ့ မနက်ပိုင်းမှာ အိန္ဒိယ လွှတ်တော်မှာ လွှတ်တော်ဥက္ကဌနဲ့ ဆွေးနွေးသွားမယ်။ ညနေပိုင်းမှာ အိန္ဒိယ ဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံသွားမယ်'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားခဲ့ သည်။ နိုဝင်ဘာလ ၁၆ ရက် နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် သည်ပါကစ္စတန် လူမျိုးနှင့်ချစ်ကျွမ်းတ၀င် နေခဲ့သော Lady Shriram ကောလိပ်သို့ လည်းသွားရောက်မည် ဖြစ်ကြောင်းသိရှိရသည်။
အိန္ဒိယခရီးစဉ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဖြိုးဇေယျာသော် (လွှတ်တော်ရေးရာကိုယ်ရေးအရာရှိ)၊ ဒေါက်တာတင်မာအောင် (ကိုယ်ရေးအရာရှိ) နှင့် ကိုဇော်မင်းဦး (အဖွဲ့ချုပ်လက်ထောက်လူငယ်)တို့ သုံးဦး လိုက်ပါသွား မည်ဖြစ်ကြောင်း သိရသည်။

 
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်