Monday, November 12, 2012

ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်မည်

Posted by drmyochit Monday, November 12, 2012, under | No comments


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်လာတော့မည်ဟု ထိုင်းကာကွယ်ရေး ၀န်ကြီးဌာနမှ သတင်းရင်းမြစ် တစ်ခုကယနေ့ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဒုတိယသမ္မတ သက်တမ်းအတွက် ရွေးကောက်တင်မြောက် ခံရပြီး နောက် ယခုကဲ့သို့ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် မြန်မာအား ဖိတ်ခေါ်ရန် ဆုံးဖြတ် အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။ အထက်ပါ သတင်းရင်းမြစ် ၏အဆိုအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအား ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်လာစေရေး အတွက်တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အမေရိကန်နှင့် ထိုင်းအပါအ၀င် အာရှနိုင်ငံများအပြား ပါဝင်မည့် Cobra Gold ပူးတွဲစစ်ရေး လေ့ကျင့်မှုအား ဖေဖော်ဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စောင့်ကြည့်လေ့လာသူများက လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ဘေးအန္တရာယ်အား တုန့်ပြန်မှုနှင့် စစ်ဘက်ဆေးပညာနှင့်ဆိုင်သော ကဏ္ဍတို့တွင် ပါဝင်မည်ဟု သိရသည်။ Cobra Gold ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံများအား အဆင့်အတန်း နှစ်မျိုးခွဲခြားထားရာ ပထမအမျိုးအစားတွင် စင်္ကာပူ၊ ဂျပန်၊တောင်ကိုရီးယား၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ပါဝင်သော နိုင်ငံစုံစီမံကိန်း အသင်းကြီး ပါဝင်ပြီးမြန်မာနိုင်ငံက ဒုတိယအမျိုးအစားဖြစ်သည်။
မဟာမိတ်စောင့်ကြည့် လေ့လာရေးအသင်း အဆင့်တွင် ပါရှိနေသည်။ ထို့အတူ ဘရူနိုင်း၊ တရုတ်၊ နယ်သာလန်၊ လာအို၊ နယူးဇီလန်၊ ရုရှား၊တောင်အာဖရိက၊ သိရိလင်္ကာနှင့် ယူအေအီးတို့လည်း ဒုတိယအမျိုးအစားတွင် ပါဝင်လာမည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်