Monday, November 12, 2012

ရွှေကူတွင် မှောင်ခိုနွားများဖမ်းဆီးရမိ

Posted by drmyochit Monday, November 12, 2012, under | No comments


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် တရားမ၀င် မောင်းနှင်လာသော နွား အကောင် ၄၀ ပါ နွားအုပ်အား ဖမ်းဆီးရမိခဲ့ပါသည်။ ဖြစ်စဉ်မှာ မြို့လှ ရဲစခန်းမှ ရဲအုပ် ခင်မောင်ဝင်း ပါဝင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကျောင်းကုန်း ကျေးရွာ၏ အနောက်ဘက် ၀က်မစား ကုန်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်ဘက်မှ ကသာ - ဗန်းမော် မီးရတားလမ်းအတိုင်း ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိပဲ တရားမ၀င် မောင်းနှင်လာသော နွားထီး ၄၀ ကောင်၊ ကာလတန်ဘိုး သိန်း ၁၂၀ ကျပ်အား တရားခံ ၇ ဦးနှင့်အတူ ည ၉ နာရီအချိန်ခန့်တွင် ဖမ်းဆီး ရမိခဲ့ပါသည်။

(၁)     ဖိုးတုတ်၊ ၄၆ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၂)     ထွန်းထွန်းနိုင်၊ ၂၃ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၃)     ကျော်မင်း၊ ၂၄ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၄)     ကျော်ဆန်းဦး၊ ၂၉ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၅)     စိုးသူ၊ ၂၈ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၆)     ကျော်လင်း၊ ၂၆ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
အဆိုပါ တရားခံ ၇ ဦးအား ရွှေကူရဲစခန်းတွင် အရေးကြီး ကုန်ပစ္စည်း အက်-၅ ဖြင့် အရေးယူ အမှုဖွင့် ထားကြောင်း သိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်