Monday, November 12, 2012

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် KIA မှ လက်မခံသည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO လူကြီးများ နှုတ်ထွက်

Posted by drmyochit Monday, November 12, 2012, under | No comments


ကချင်ပြည်နယ်အတွင်း စစ်ပွဲကာလ ကြာရှည်လာသဖြင့် ပြည်သူများ အတိဒုက္ခရောက် နေကြပါသည်။ KIO အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ တိကျသော အဖြေကို မရရှိနိုင်သေးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီတွင် အစိုးရ အဖွဲ့နှင့် ဆွေးနွေးခဲ့သော်လည်း KIA မှ တာဝန်ရှိသူများ တတ်ရောက်ခြင်း မရှိခဲ့သည့်အတွက် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်း၊ စားနပ်ရိက္ခာများ ရှားပါးလာခြင်း၊ ကချင် ပြည်သူများ ဆင်းရဲဒုက္ခ ခံနေရခြင်းတို့ကြောင့် KIO မှ ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားနေကြ ပါသည်။ သို့သော်လည်း KIO အဖွဲ့အောက်ရှိ အခြားအဖွဲ့အစည်းများမှာ အာဏာမရှိပဲ လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်သော KIA ကသာလျှင် အာဏာရှိသဖြင့် အခြားအဖွဲ့များမှခေါင်းဆောင် များမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်-
(၁)     ဦးဆွမ်လွှတ်ဂမ်၊ ဗဟိုပညာရေးဌာန တာဝန်ခံ။
(၂)     ဦးလဖိုင်လ၊ ဗဟိုတရားရေးဌာန တာဝန်ခံ။
(၃)     ဦးလဖိုင်ဇော်ယော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတာဝန်ခံ။
(၄)     ဦးဇော်တောင်၊ စစ်နည်းဗျူဟာ တာဝန်ခံ။
(၅)     ဦးဖုန်ကန်ခွန်နောင်၊ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ တာဝန်ခံ။
တို့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ နှုတ်ထွက်ခွင့်ပြုပါရန် KIO ဗဟိုသို့ တင်ပြခဲ့ကြောင်း သိရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်