Wednesday, January 02, 2013

ကေအိုင်အေက ခရီးသွားနဲ့ဒေသခံတွေဆီက ဆက်ကြေးတောင်းဟု RFA ဖော်ပြ

Posted by drmyochit Wednesday, January 02, 2013, under | No comments

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသက လုံးခင်းနဲ့ တောမှော်ကျေးရွာအကြား အလယ်စခန်းမှာ အခြေစိုက်တပ်စွဲထားတဲ့ ကေအိုင်အေ ပြည်သူ့စစ်တပ်ကနေ ဒေသခံတွေနဲ့ ခရီးသည်တင်ကားတွေဆီက အဓမ္မ ငွေကြေးကောက်ခံနေတာတွေ ရှိတယ်ဒေသခံတွေက RFA ကိုပြောပါတယ်


Photo:RFA/Kyaw Myo Min

ကချင်ဒုက္ခသည်စခန်းတစ်ခုအတွင်းက ဒုက္ခသည်စခန်းတစ်ခုကို တွေ့မြင်ရစဉ်။


ဖားကန့်မြို့နဲ့ (၁၀)မိုင်ခန့် အကွာအဝေးမှာရှိတဲ့ အဲ့ဒီရွာက ဒေသခံတွေဟာ မီးသွေးဖုတ်လုပ်ငန်းနဲ့ ထင်း ခုတ်တဲ့ လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်နေကြပါတယ်။

ကေအိုင်အေ ပြည်သူ့စစ်တွေက မီးသွေးကားနဲ့ ထင်းတင်တဲ့ကားတွေကို ကျပ်ငါးသောင်း ပေးဖို့ ကောက် ခံနေ တာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အခုလို ငွေကြေးကောက် ခံနေတာတွေ ဟာ ပြီးခဲ့တဲ့ (၃)လကစပြီး ပြုလုပ်နေကြတာလို့ သိရပါတယ်။

From: RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်