Wednesday, January 02, 2013

တပ်မတော်က ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူတို့၏ အဓိက စခန်းထောက် တစ်ခုအား သိမ်းပိုက် ရရှိခြင်း

Posted by drmyochit Wednesday, January 02, 2013, under | 1 comment


နေပြည်တော် ဇန်နဝါရီ ၁


နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်အရ တပ်မတော်သည် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူအ ဖွဲ့နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် ရည်မှန်းချက်ထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်၊ ပြည်နယ် အဆင့် တွေ့ဆုံ ဆွေးနွေးမှု ၃ ကြိမ်၊ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်၊ စုစုပေါင်း ၁၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။


၃၀-၁၀-၂၀၁၂ ရက်နေ့ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ရာတွင် နှစ်ဖက်တပ်များ နေရာချထားရေးအတွက် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် တောင်းဆို ချက်အရ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ၁ ဦး အဖွဲ့ဝင်အဖြစ် စေလွှတ်ပေးခဲ့သော်လည်း တစ်ဖက်မှ စစ် ဘက်ခေါင်းဆောင်ပိုင်း တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အရေးကြီးသည့် ဆွေးနွေးမှုများ ဆောင် ရွက်နိုင် မှု မရှိခဲ့ပါ။

ဆွေးနွေးပွဲ ပြုလုပ်စဉ် အတွင်း၌လည်း ၂၉-၈-၂၀၁၂ ရက်နေ့တွင် ဖားကန့်မြို့နယ် ဝေအောင်ကမ္ဘာ ကုမ္ပဏီ အခြေစိုက်ရာ တောင်ကုန်းရှိ ကျောက်ထုတ်လုပ်မှု လုပ်ငန်းနှင့် စက်ယန္တရားများအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီး နေကြောင်း သတင်းအရ တပ်မတော်မှ ဝင်ရောက် ရှင်းလင်းရာတွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ ထောင်ချောက်မိုင်းများ ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပါသည်။ ၁၈-၁၂-၂၀၁၂ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရဲစခန်းအား ကေအိုအေ အကြမ်းဖက် သောင်းကျန်းသူများမှ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်ကျဆုံးလျက် လက်နက်များ ဆုံးရှုံးခဲ့ပါသည်။



၂၁-၁၂-၂၀၁၂ ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများသည် မန္တလေး-မြစ်ကြီးနား ကုန်ရထားအား အကြောင်းမဲ့မိုင်းခွဲ တိုက်ခိုက် ခဲ့သဖြင့် ရထားသံလမ်းပျက်စီး၊ ကုန်တွဲများ တိမ်းမှောက်၍ ဝန်ထမ်းများ ဒဏ်ရာရရှိခဲ့ပါသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် မီးရထားလမ်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာအုပ်စု တောင်နီပြည်သူ့စစ် စခန်းအား ကေအိုင်ကေ အကြမ်းဖက် သောင်းကျန်း သူများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ဒဏ်ရာရ ဖမ်းဆီးခံရကာ လက်နက်များ သိမ်းယူသွားပြီး ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီး ခံခဲ့ရပါသည်။ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများသည် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ ရထားလမ်းမိုင်းခွဲမှု အကြိမ် ၅၀ ကျော်၊ လမ်းတံတား ဖောက်လုပ်ရေး ယန္တရားများ တိုက်ခိုက်ဖျက်စီးမှု အကြိမ် ၁၀၀ ကျော် ဆောင်ရွက်ခဲ့ ကြပါသည်။

တပ်မတော် အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ မြစ်ကြီးနား-ဗန်းမော် ကားလမ်းလုံခြုံချောမွေ့စွာ သွားလာရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူများမှ ဝင်ရောက် တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့ပါသည်။

မိမိတပ်များအနေဖြင့် မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်း အနီးတွင် လုံခြုံရေးအရ တပ်စွဲထားသည့် လဂျားယန် စခန်းသို့ ရိက္ခာပို့ဆောင်ရေး ဆောင်ရွက်ရန် ကိစ္စရှိလာတိုင်း သက်ဆိုင်ရာမှ တစ်ဆင့် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများထံ ကြိုတင်အသိပေးခဲ့သော်လည်း ရိက္ခာပို့ခဲ့သည့် ၃ ကြိမ်လုံးတွင် မိမိရိက္ခာပို့ စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မိမိ အရာရှိ/စစ်သည်များ ထိခိုက်ကျဆုံးခဲ့ရပါသည်။ အလားတူ ရိက္ခာပို့ဆောင်ရန် ရှိကြောင်း ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများထံ ၂၃-၁၂-၂၀၁၂ ရက်နေ့တွင် ကြိုတင် အကြောင်းကြားခဲ့သည့် ကြားမှ မိမိတပ်ဖွဲ့များကို အင်အားအသုံးပြု တိုက်ခိုက်ခဲ့သဖြင့် မိမိစစ်သည်များစွာ ထိခိုက်ကျဆုံးမှု ရှိခဲ့ပါသည်။

တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင်ပါဝင် တက်ရောက်ခြင်း၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းမှလွဲ၍ စခန်းများအား စတင်တိုက်ခိုက်ခြင်းမပြုပဲ သီးခံဆောင်ရွက်လျက် ရှိသော်လည်း ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လဂျားယန်စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းတွင် အဓိက ပိတ်ဆို့သော နေရာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအား အဓိက နှောင့်ယှက် ပိတ်ဆို့ လျှက်ရှိပြီး ၎င်းတို့၏ ဌာနချုပ် လိုင်ဇာအတွက် အဓိက စခန်းထောက် နေရာဖြစ်သည့် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့်-၇၇၁ တောင်ကုန်းနှင့် ဝန်းကျင်အား လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ရာ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် ၎င်းနေရာအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပါသည်။ စခန်းအတွင်းမှ ၁၂၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ လက်နက်မျိုးစုံ ၁၃ လက်၊ လက်ပစ်ဗုံး မျိုးစုံ ၅၀၀ လုံး၊ ဗုံးသီးမျိုးစုံ ၂၇၀ လုံး၊ မိုင်းမျိုးစုံ ၅၂ လုံး၊ ကျည်မျိုးစုံ ၄၀၀၀ တောင့်၊ ယမ်းကြိမ်း ၂ ခွေ သိမ်းဆည်း ရရှိခဲ့ပါသည်။ ဆက်လက်၍ ကားလမ်း တစ်လျောက် ဝန်းကျင်အား အသေးစိတ် ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြ၀တီ

1 comments:

ကချင်က မျိုးချဟ်သူရဲကောင်းတွေပါ အဓိပ္ပါယ်မရှီတဲ့အလုပ်တွေကို
လုပ်မှာမဟုတ်ဘူး မြန်မာစစ်ဓားပြမုဒိန်းကောင်အကြောင်းပြောတဲ့အခါ
နိုင်ငံတော်နိုင်ငံတော်လို့ မသုံးပါနဲ့  နိုင်ငံသနပ်တယ်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်