Wednesday, January 02, 2013

KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ

Posted by drmyochit Wednesday, January 02, 2013, under | No comments

၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက် ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက် ခဲယမ်းများစွာ သိမ်း ဆည်း ရမိခဲ့ကြောင်း သိရှိရသည်။ 



၁၂၀ မမ စိန်ပြောင်းများသည် ဈေးအလွန် ကြီးမားပြီး လက်နက်မှောင်ခိုများထံမှ ၀ယ်ယူရန်ခက်ခဲသည့် လက်နက်မျိုးဖြစ်ကြောင်း KIA အဖွဲ့တွင် အသုံးပြုလျက်ရှိသော လက်နက်ငယ်နှင့် မိုင်းအားလုံးလိုလိုမှာ တရုတ်နိုင်ငံ လုပ်များပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တရုတ်နိုင်ငံလုပ် လက်နက်ကြီးတစ်လက် KIA အဖွဲ့ထံမှ သိမ်းဆည်း ရမိခြင်းက တရုတ်တို့ အနေဖြင့် KIA အားလက်သိပ်ထိုးထောက်ပံ့နေသည့် သက်သေပင် ဖြစ်ကြောင်း သိရသည်။ ၄င်းတရုတ် နိုင်ငံလုပ် ၁၂၀ မမ လက်နက်ကြီးဖြင့် အစိုးရတပ်များအား ပစ်ခတ်နေ သည့်ပုံကို The Voice ဂျာနယ်၏ Facebook စာမျက်နှာတွင် (၃၀-၁၂-၂၀၁၂) ရက်နေ့ကလည်း တွေ့ခဲ့ရသည်။ 


အမေ့အိမ်သတင်းဌာနမှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်