Wednesday, January 02, 2013

ဝါရင့် သမ္ဘာရင့် ဆရာ မောင်သွေးချွန်ရဲ့ သန်း ၆ဝ သို့ ခြောက် လှန့်စာ

Posted by drmyochit Wednesday, January 02, 2013, under | No comments


၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂  ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာဝါရင့်သမ္ဘာရင့်ဆရာ မောင်သွေး ချွန်ရဲ့ '' ရွှေတိဂုံ ဘုရား လင်းတ နားတိုင်းကား ပြည်ရွာ ပျက်မှာလား '' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့    ဆောင်းပါး ဖတ်လိုက် ရပါတယ်။
ခေါင်းစဉ်ကို ဖတ်ကြည့် ရုံနဲ့ နိုင်ငံသား တစ်ယောက် အနေနဲ့ စိုးရိမ်စိတ် ဝင်သလို ဖြစ်တဲ့ အတွက်ဆက်ဖတ် ကြည့်တော့ ဟုတ်မ လိုလိုနဲ့ ဝါရင့် မီဒီယာ သမား တစ်ယောက်က သန်း ၆ဝ သော မြန်မာ ပြည် သူတွေ စိတ် ခြောက်ခြားအောင် ရေးထားတဲ့ စာ ဖြစ်နေပါ ရောလားဗျာ။

ဆရာ မောင်သွေးချွန်က ဆောင်းပါး အစမှာဘဲ ရွှေတိဂုံကို စေတီ ကြီးကို ငှက်လော ကမှာ အယုတ်ဆုံး အညံ့ဆုံး  လင်းတတွေ နားတာဟာ အုပ်ချုပ်သူ မင်း အစိုးရရော၊ ပြည်သူတွေရော၊ သာသနာတော်ကြီး အတွက်ရော စိတ်ပူစရာ  ဖြစ်တယ် အစချီပြီး ရေးသား ထားတာ တွေ့ရပါတယ်။ ဆောင်းပါး တစ်ပုဒ်လုံး ဖတ်ကြည့် ပြီးတော့ ဆရာ မောင်သွေးချွန်က မြန်မာ နိုင်ငံ သားများကို ပေးလိုတဲ့ သတင်း Message က မြန်မာနိုင်ငံမှာ  တည်ငြိမ် အေးချမ်းမှု မရှိဘဲ ပြည်သူ လူထု ဒုက္ခ သုက္ခတွေ အကြီး အကျယ် ခံစားရမယ့် သဘော ရေးထားတာ တွေ့ရ ပါတယ်။

ဆောင်းပါးမှာ ဖော်ပြ ထားသလို လင်းတ ဆိုတာ အတိတ်ကောင်း နိမိတ်ကောင်း ဆောင်တဲ့ ငှက် တိရစ္ဆာန် မဟုတ်ဘူး လို့တော့  ရှေး အယူ အဆ အရ  သတ်မှတ်ကောင်း သတ်မှတ် နိုင်ပါ လိမ့်မယ်။  လင်းတတွေက  မူလ ကျက် စားရာ ဟိမဝန္တာ တောင်ရဲ့ မြောက်ဘက် မွန်ဂို လီးယား၊ တိဘက် ဒေသ တွေမှာ ရာသီ ဥတု အလွန် အေးတဲ့ ကာလမှာ နွေးထွေးသော ကမ္ဘာ့တောင်ဘက်ခြမ်း ဒေသများသို့ ဆောင်းခိုရန် မိုင် ထောင်ချီပြီး လေဟုန်စီး ပျံသန်းရင်း  အတောင် ညောင်းလို့၊  ဝင်ရောက် နားခို ခြင်းသာ ဖြစ်ပါတယ်။

လင်းတ ငှက်တွေက  အတောင်ဖြန့်ပြီး ပျံတဲ့  အမျိုး အစား မဟုတ်ဘဲ လေဟုန် စီးပြီး ပျံတဲ့ အမျိုး အစား ဖြစ်ပြီး၊ မနှစ် ကလည်း ရန်ကုန်မှာ ဆိုရင် ရွှေတိဂုံ တိုင်ဘက်က  ဖုန်းတိုင် တွေမှာ နားတာ တွေ့ ခဲ့ရသလို၊  မကွေးတိုင်း ဘက်မှာ လည်း တွေ့လေ့ ရှိပါတယ်။ အရင်တုန်း ကလည်း တခြားနေရာတွေ၊  မြင့်တဲ့နေရာတွေမှာနားခဲ့တာ၊  မြန်မာ နိုင်ငံ အနှံ့ အပြားသို့  လင်းတ ဆင်းသက်ခြင်းမှာ နှစ်စဉ် ဖြစ်ပွား ခဲ့တာ တွေကိုသတိမမူ မိကြပါဘူး။  

ဒီနှစ်လည်း  ဧရာဝတီ တိုင်းဒေ သကြီး၊  ဟင်္သာ တမြို့နယ်၊ ဘုရားကုန်း ကျေးရွာ ဘက်မှာလည်း ထိုကဲ့သို့သော ဆောင်းခို ငှက်ကြီးများ ဆင်းသက်တာ တွေရှိ ခဲ့တာကို ဆရာ မောင်သွေးချွန် မသိဘဲ မနေဘူးလို့ ထင်ပါတယ်။ မိမိတို့ ဒေသတွင်းသို့ တစ်ခဏ ခိုနားရန် စတည်းချခြင်း၊ သို့မဟုတ် လမ်းမှားလာခြင်းမှတစ်ပါး တခြား မည်သည့် ပြစ်မှု ကိုမှ ကျူးလွန် ထားခြင်း မရှိသော အပြစ်မဲ့ ငှက်ကြီး  များကို ယိုးမယ်ဖွဲ့ ပွဲဆူအောင် မဲတူ လုပ်တာ ကိုတော့ ဆရာ ဗဟုသုတ ရစေချင်လို့ အသိပေး လိုက်ပါတယ်။

ဒါပေမယ့် ဆရာ မောင်သွေးချွန်က ဒီ လင်းတတွေ လာနား တာနဲ့ လက်ပံတောင်းတောင် အရေး ကိစ္စတွေ၊ ရခိုင်ပြည်နယ် အရေးကိစ္စ၊  ပြည်တွင်း ငြိမ်းချမ်းရေး အခြေ အနေတွေ၊  သာသနာတော် အရေး ကိစ္စတွေ ကသောင်း ကနင်း ဖြစ်ပြီး အုပ်ချုပ်သူ မင်းအစိုးရ (အစိုးရအဖွဲ့ )ပါ ဒုက္ခ ရောက်တော့မယ့် သဘော ရေးသား ထားတာ  ကတော့ တမင် ခြိမ်းခြောက် လိုဟန်တွေ ပါနေ ပါတယ်။

တစ်နည်း ပြောရရင်တော့ အေးအေး ချမ်းချမ်းနဲ့ နေလိုတဲ့ ပြည်သူ တွေကို အဓိကရုဏ်း ဖြစ်တော့မယ့် ပုံစံနဲ့ ခြောက်လှန့်လိုက်တာ ဘဲဖြစ် ပါတယ်။ ဒီလို ခြောက်လှန့်တဲ့ နေရာမှာ   မောင်သွေးချွန်က ၁၉၈၈ အရေး အခင်းကို နမူနာပြ ဖော်ပြထား သလို ၂ဝဝ၇ ရွှေဝါရောင် အရေး အခင်း မတိုင်မီ  ရွှေဂုံတိုင် တာဝါမှာ လင်းတတွေ နားခဲ့ တယ်လို့ အထောက် အထား မဲ့စွာနဲ့ ခြောက်လှန့်ရင်း မြှောက်ထိုး ပင့်ကော် လုပ် နှပ်ကြောင်း ပေးခဲ့ တာတွေ့ ရပါတယ်။

သန်း  ၆ဝသော ပြည်သူ များက သမ္မတ ဦးသိန်းစိန် ပြောခဲ့သလို နောက်ကြောင်း ပြန်မလှည့် စတမ်းနဲ့    ဒီမိုကရေစီ နိုင်ငံတော် ဖော်ဆောင် နေချိန်မှာ  မောင်သွေးချွန် ကဲ့သို့သော  အရိုးရင့် ကြီးမိုက် တွေက ကလောင် လက်နက် အားကိုးနဲ့  ပြည်သူ တွေကို နောက်ကြောင်းပြန် လှည့်အောင်  ခြိမ်းခြောက် နေတယ် လို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။ လင်းတ နားရုံနဲ့ တော့ အဲသည်လောက် ဆိုးရွား မသွား နိုင်ပါဘူး။

တစ်စိတ်ကို တစ်အိတ်လုပ် ခေါင်းစဉ်ကြီး ကြီးပေးပြီး ဗုဒ္ဓဘာသာ အယူဝါဒ အပြင် မိရိုး ဖလာ ယုံကြည် ကိုးကွယ်  တတ်တဲ့ ပြည်သူ တွေကို အတိတ် နိမိတ် တဘောင် တွေနဲ့ တိုင်းပြည် ပျက်တော့ မယောင်ယောင်၊ ၈၈ အရေး အခင်း လိုမျိုး၊ ၂ဝဝ၇ ရွှေဝါရောင် အရေး အခင်း လိုမျိုး ဖြစ်စေ ချင်တဲ့ နှပ်ကြောင်း ပေးပြီး ''မိုးသောက်ပြီ ထိုးဖောက်ကြ ကုန်လော့'' ဆိုပြီး နှိုးဆော် တာတော့ အဆိုး ဘက်ကို ဖြစ်စေချင် နေတာလား၊ နောက်ကြောင်း ပြန်စေချင် နေတာလား၊ ပွဲလန့်တုန်း ဖျာဝင်ခင်း နေတာလား ဆိုတာတော့ ဆရာပဲ သိမှာပါ။

ဗုဒ္ဓ မြတ်စွာ ဘုရား ဟောကြား တော်မူခဲ့တဲ့ ဝစီ ဒုစရိုက် လေးပါး ထဲက  ပိသုဏ ဝါစာနဲ့   သမ္ဖပ္ပ လာပရဲ့ ယေဘုယျ သဘောကို ပြောရရင်  သူတစ်ပါးလည်း အကျိုးမရှိ၊  မိမိကိုယ်တိုင် အတွက်လည်း အကျိုးမရှိတဲ့ ယုတ်ညံ့ သော၊ သူတစ်ပါးပျက်စီးထိတ်လန့်စေလိုသော ကုန်းတိုက်ခြိမ်းခြောက်စကားပြောခြင်းဟာ သူ ယုတ်မာ တွေရဲ့ လက္ခဏာ ဖြစ်ပါတယ်။ 

အခုတော့  ဆရာမောင်သွေးချွန်က  ကျွန်တော်အထက်ကပြောခဲ့တဲ့အတိုင်း ခြောက်လှန့် တွန်းပို့ နေလေ တော့ ဆရာ မောင်သွေးချွန်ရေ ကိုယ့်ဘာသာကိုယ် ဘယ်လို လူစားလဲ ဆိုတာ နဖူးပေါ် လက် တင်ပြီး တစိမ့် စိမ့် စဉ်းစား ပါဦးလို့ အကြံပေး ပါရ စေဗျာ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်