Tuesday, November 27, 2012

တောင်အာရှ နိုင်ငံများတွင် စစ်သွေးကြွ များအား ထိရောက်စွာ နှိမ်နင်းရန် အမေရိကန် နိုင်ငံမှ ဖိအားပေး

Posted by drmyochit Tuesday, November 27, 2012, under | No comments


နိုဝင်ဘာလ ၂၅ ရက် နေ့တွင် ပါကစ္စတန်ရှိ ဘာသာရေး အခမ်းအနား တစ်ခု အနီး၌ ဗုံးပေါက် ကွဲမှုကြောင့် အနည်း ဆုံးလူ ၄ ဦး သေ ဆုံးပြီး ၇ဝ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့ ပါသည်။
လူ ၄ ဦးမှာ ပေါက်ကွဲမှု ဖြစ်သည့် နေရာ၌ပင် ချက်ချင်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိ ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရသူများမှာ ပြင်းထန်သည့် အတွက် သေဆုံးသူ အရေအတွက် များပြားလာ မည် ဖြစ်ကြောင်း ခရိုင် ဆေးရုံရှိ ဆရာဝန် တစ်ဦး ဖြစ်သည့် Khalid Aziz Batoch မှ ပြောကြားခဲ့ ပါသည်။ ပေါက်ကွဲမှု ဖြစ်သည့် ဗုံးအား လမ်းဘေး ဈေးဆိုင်တွင် ထောင်ထားခြင်း ဖြစ်ပြီး လုံခြုံရေး အရာရှိ ၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦး ဖြစ်သည့် Malik Mushtaq မှ ပြောကြားခဲ့ ပါသည်။ တောင်အာရှ နိုင်ငံများတွင် စစ်သွေးကြွ များအား ထိရောက်စွာ နှိမ်နင်းရန် အမေရိကန် နိုင်ငံမှ
 ဖိအားပေးလျက် ရှိကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်