Tuesday, November 27, 2012

ဆီးဂိမ်းအတွက် အကြံပေးနိုင်တဲ့ အားကစားဝန်ကြီးဌာန ၀က်ဆိုဒ် ၃ ခု

Posted by drmyochit Tuesday, November 27, 2012, under | No comments


မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီနှင့် အားကစား ၀န်ကြီးဌာန အနေနဲ့ အင်တာနက်မှာ www.myasoc.org, www.myasoc.com.mm နဲ့ www.mosports.gov.mm အစရှိတဲ့ website ၃ ခုကို လွှင့်တင် ထားတယ်လို့ သိရပါတယ်။ အခုလို အဆိုပါ website ၃ ခုကို ထားရှိပေး ထားခြင်း ဟာလည်း မြန်မာနိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို ကျင်းပရေး၊ အောင်နိုင်ရေးနဲ့ ကြိုတင် ပြင်ဆင်ရေး လုပ်ငန်းများမှာ ပါဝင်ပြီး အကျယ်ပြန့်ဆုံး ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ အတွက်ကို ရည်ရွယ် ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ ၀က်ဘ်ဆိုက် များမှာ နိုင်ငံတကာမှ သိရှိနိုင်ဖို့ မြန်မာနိုင်ငံ အကြောင်း၊ အိုလံပစ် ကော်မတီ၊ အားကာ အဖွဲ့ချုပ်များ၊ အိုလံပစ် ပြိုင်ပွဲများ၊ အာရှအားကစား ပြိုင်ပွဲများနဲ့ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများ အပြင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ အမှတ်တံဆိပ်၊ လာဘ်ကောင်များနဲ့ ပြိုင်ပွဲ ကျင်းပမယ့် ကွင်း၊ အားကစားရုံများ ပွဲစဉ် ဇယားများ အားကစား နည်းများ ပြည့်စုံစွာ ဖော်ပြထား တယ်လို့ သိရပါတယ်။ ဒါ့အပြင် အားကစား သတင်းများ၊ အပြည်ပြည် ဆိုင်ရာ အားကစား အဖွဲ့ချုပ် များနဲ့ ဆက်သွယ်ဖို့ လိပ်စာများ၊ အားကစား နည်းစနစ် အထောက်အကူပြု ဗီဒီယိုများ အပြင် ဂုဏ်ပြုတေး သီချင်းများပါ ပါရှိပြီး အကြံပြု လိုပါကလည်း ဆက်သွယ်ဖို့ e-mail ဖုန်း၊ ဖက်စ်နံပါတ်များ ကိုပါ ဖော်ပြထား ရှိတာ ဖြစ်တယ် လို့လည်း သိရပါတယ်။

MRTV-4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်