Tuesday, November 27, 2012

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် မြန်မာလူငယ်တို့အတွက် အလုပ်အကိုင် အခွင့်အလမ်း…

Posted by drmyochit Tuesday, November 27, 2012, under | No comments


အခုအခါမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို မောင်းနှင်လာမယ့် ထားဝယ် ရေနက်ဆိပ်ကမ်းကို တည်ဆောက်နေပီ ဖြစ်ပါတယ်…. မြန်မာနိုင်ငံရဲ့ ပထ၀ီဝင် အနေအထားအရလည်း လွန်စွာမှပင် အရေးပါတဲ့ နေရာမှာ ရှိနေတဲ့အတွက်လည်း ဒီစီမံကိန်းဟာ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့အတွက် အဓိက ကျတဲ့နေရာမှာ ရှိနေပါတယ်….  အဲ့ဒိအတွက် တည်ဆောက်ဆဲ ကာလနဲ့ တည်ဆောက်ပီး လုပ်ငန်းလည်ပါတ်တဲ့ ကာလတွေမှာပါ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်မှာ ဖြစ်ပါတယ်…. ဒါကို အခုကတည်းက ကြိုတင်ပြင်ဆင်ထားနိုင်ရင် လိုအပ်တဲ့အချိန်မှာ အံဝင်ခွင်ကျဖြစ်သွားပြီး နိုင်ငံစီးပွားရေးကို တရှိန်ထိုး ပင့်တင်နိုင် မှာဖြစ်ပါတယ်….
အလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်း မပြောခင်မှာ ရေနက်ဆိပ်ကမ်း ဘာကြောင့် လုပ်ဖြစ်သလဲဆိုတာ ပြောပါ့မယ်…. အခုလက်ရှိမှာ ကမ္ဘာ့အရှေ့ခြမ်းမှ အနောက်ခြမ်းသို့ ရေကြောင်းသွားလာမှုဟာ ပင်လယ်ဓါးပြ ပေါများတဲ့ မလက္ကာ ရေလက်ကြားကနေ ဖြတ်သန်းသွားလာရပါတယ်… ထို့အတူ အရှေ့နဲ့အနောက်ကို ရောက်ဖို့ အရှေ့တောင်အာရှ ကျွန်းဆွယ်ကြီးကို ဖြတ်သန်းသွားလာတဲ့အတွက် အချိန်ပိုလင့်ပါတယ်.…. ရေကြောင်းခရီးမှာ အခန့်မသင့်လို့ မုန်တိုင်းမိရင် ပျက်ဆီးတာတွေလည်း ရှိပါတယ်…. ဒါတွေကို ဖြေလျှော့နိုင်ဖို့ ထားဝယ်ရေနက်ဆိပ်ကမ်းကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းတည်ဆောက် လိုက်ပါတယ်….
အလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်း မပြောခင်မှာ ရေနက်ဆိပ်ကမ်း ဘာကြောင့် လုပ်ဖြစ်သလဲဆိုတာ ပြောပါ့မယ်…. အခုလက်ရှိမှာ ကမ္ဘာ့အရှေ့ခြမ်းမှ အနောက်ခြမ်းသို့ ရေကြောင်းသွားလာမှုဟာ ပင်လယ်ဓါးပြ ပေါများတဲ့ မလက္ကာ ရေလက်ကြားကနေ ဖြတ်သန်းသွားလာရပါတယ်… ထို့အတူ အရှေ့နဲ့အနောက်ကို ရောက်ဖို့ အရှေ့တောင်အာရှ ကျွန်းဆွယ်ကြီးကို ဖြတ်သန်းသွားလာတဲ့အတွက် အချိန်ပိုလင့်ပါတယ်.…. ရေကြောင်းခရီးမှာ အခန့်မသင့်လို့ မုန်တိုင်းမိရင် ပျက်ဆီးတာတွေလည်း ရှိပါတယ်…. ဒါတွေကို ဖြေလျှော့နိုင်ဖို့ ထားဝယ်ရေနက်ဆိပ်ကမ်းကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းတည် ဆောက်လိုက်ပါတယ်…. အရှေ့မှ အနောက်သို့ပို့မယ့် ကွန်တိန်နာများဟာ ထားဝယ်ဆိပ်ကမ်းမှာ တစ်ထောက်နားလို့ အရှေ့ဘက်စီသို့ ကုန်လမ်းမှတစ်ဆင့် လျင်မြန်စွာပို့ဆောင်နိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်လာမှာပါ…. အဲ့ဒိလိုပဲ မြန်မာနိုင်ငံရဲ့ ထားဝယ်ဟာ အရှေ့ဘက်ခြမ်းဒေသအတွက် အဓိက ထွက်ပေါက်ဖြစ်သွားပြီး ဆက်စပ်နေတဲ့ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ကိုပါ များစွာ အကျိုးပြုသွားမှာ ဖြစ်ပါတယ်…… ထားဝယ်ရေနက် ဆိပ်ကမ်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ များစွာ ပေါများလာမှာ ဖြစ်ပါတယ်….. အခုလက်ရှိ လုပ်ငန်းခွင်များ လည်ပါနေချိန်မှာ နေ့စား လုပ်သားမှသည်၊ သံချီသံကွေး အလယ်၊ ဆောက်လုပ်ရေး အင်ဂျင်နီယာအဆုံး အလုပ်အကိုင်များစွာ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်…. ထို့အတူ ဆိပ်ကမ်းပီးသွားချိန်မှာ ဆိပ်ကမ်းပါတ်ဝန်းကျင် ဖွံ့ဖြိုးလာမှာဖြစ်တဲ့အတွက် ဟော်တယ်၊ မိုတယ်၊ အင်း နဲ့ စားသောက်ဆိုင် လုပ်ငန်းတွေလည်း တွဲဖက် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်…. ထို့အတွက် ဟော်တယ်လုပ်ငန်း ကျွမ်းကျင် ၀န်ထမ်းများစွာ လိုအပ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်…. ဟော်တယ်လုပ်ငန်း ဖွံ့ဖြိုးလာတာနဲ့အမျှ ၎င်းနဲ့တွက်ဖက်လျက်ရှိတဲ့ ပြည့်တန်ဆာလုပ်ငန်းလည်း အထိုက်အလျောက် မြင့်တက်လာမှာ ဖြစ်ပါတယ် သို့ဖြစ်သည့် အတွက် ပြည့်တန်ဆာလုပ်ငန်းနှင့် ပါတ်သက်တဲ့ တရားဝင်ဥပဒေများ အချိန်မှီ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်…. သို့မဟုတ်ရင်တော့ အခုလိုပဲ တရားမ၀င် လုပ်ကိုင်နေရမယ်ဆိုရင် နိုင်ငံတော်အတွက် လိုအပ်တဲ့ ၀င်ငွေတွေ မရတဲ့အပြင်၊ လိင်အလုပ်သမတွေလည်း တန်ရာတန်ကြေးမရပဲ ခေါင်းပုံဖြတ်ခံရပီး HIV အဓိက ဖြန့်ဖြူးရာ ဒေသတစ်ခု ဖြစ်သွားမှာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်…. လူများစွာ ကူးလူးဆက်ဆံတာနဲ့အမျှ အဆိုပါ လူပုဂ္ဂိုလ်များရဲ့ ပိုင်ဆိုင်ရာတွေကို မိမိနိုင်ငံမှာ ကျန်နိုင်သလောက် ချန်ထားနိုင်အောင် လောင်းကစားလုပ်ငန်းများလည်း အထိုက်အလျောက် ခွင့်ပြု လုပ်ဆောင်စေရမှာ ဖြစ်ပါတယ်…. သို့မှသာ မက်လောက်စရာ ငွေကြေး ပမာဏ မြောက်များစွာ နိုင်ငံတော် ၀င်ငွေအနေနဲ့ ရေရှည် ရရှိနေမှာ ဖြစ်ပါတယ်…..
လူမှု ပါတ်ဝန်းကျင် ဖွံ့ဖြိုးလာတာနဲ့အညီ ကျန်းမာရေး စောင့်လျှောက်မှုပါ တွဲဖက်လိုအပ်လာမှာ ဖြစ်တဲ့အတွက် ကျန်းမာရေး စောင့်လျှောက်မှု ၀န်ထမ်းများလည်း လိုအပ်လာမှာ ဖြစ်ပါတယ်…. Ports နှင့် သက်ဆိုင်သော ၀န်ချီစက်များ လည်ပါတ်မှုတွေ ပါလာတဲ့အတွက်၊ ၀န်ချီစက်မောင်းများ၊ ၀န်ချီစက်ပြင် ၀န်ထမ်းများ၊ ၀န်ထမ်းအကူများ အစရှိသဖြင့် များစွာ လိုအပ်လာမှာ ဖြစ်ပါတယ်… ထို့အတူ လူအများအပြား နေထိုင်လာမှာ ဖြစ်တဲ့အတွက် လျှပ်စစ် သွယ်တန်းမှုဆိုင်ရာ ကျွမ်းကျင် ၀န်ထမ်းများ၊ Plumber များ၊ လက်သမားများ အစရှိသဖြင့် သက်ဆိုင်ရာ ၀န်ထမ်းများစွာလည်း လိုအပ်လာမှာ ဖြစ်ပါတယ်…. ခောတ်မှီဆက်သွယ်ရေး ပစ္စည်းကိရိယာများကို အသုံးပြုလာမှာ ဖြစ်တဲ့အတွက် လျှပ်စစ် စက်ပြင် ၀န်ထမ်းများလည်း ပိုမိုလိုအပ်လာမှာ ဖြစ်ပါတယ်…. နည်းပညာအနေဖြင့်လည်း ကွန်ပျူတာများအား ထိရောက်စွာ အသုံးပြုလာမှာ ဖြစ်တဲ့အတွက် Computer Hardware, Systems, Network, Security အစရှိသဖြင့် သက်ဆိုင်ရာ နယ်ပါယ်အလိုက် ကျွမ်းကျင် Engineer များစွာ လိုအပ်လာမှာ ဖြစ်ပါတယ်…. ကုမ္ပဏီအများစုမှာ မိမိတို့ ကိုယ်ပိုင်လည်ပါတ်မှု စနစ်နဲ့ သွားတဲ့အတွက် ၎င်းတို့နဲ့ ကိုက်ညီတဲ့ Software များအား ရေးဆွဲ အသုံးပြုလာခြင်းဖြင့် Software Developing လုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်….
မည်သည့် ကျွမ်းကျင်လုပ်သား ဖြစ်ပါစေ အဓိက အရေးကြီးသည်မှာ ဘာသာစကား ဖြစ်တဲ့အတွက် အခုကတည်းက နိုင်ငံခြား ဘာသာစကားကို ထမင်းစားရေသောက် ပြောနိုင်အောင် လေ့ကျင့်ထားနိုင်ဖို့ လိုအပ်ပါတယ်…. မည်မျှပင် လုပ်ငန်းကျွမ်းကျင်ပါစေ ဘာသာစကား အားနည်းလျင် ဆက်ဆံရေးမှာ အခက်အခဲဖြစ်နေမှာ ဖြစ်ပါတယ်…. အနည်းဆုံး ဘာသာစကား နှစ်မျိုးခန့် တတ်ကျွမ်းထားလျင် ပိုမိုကောင်းမွန်ပါတယ်….
သို့ဖြစ်သည့်အတွက် မကြာခင် ပွင့်လင်းလာမည့် ထားဝယ်ရေနက် ဆိပ်ကမ်းသစ်ကြီးကြောင့် ဆက်စပ်ပြီး လိုအပ်လာမယ့် လူ့စွမ်းအား အရင်းအမြစ်များကို အခုကတည်းက ကြိုတင်ပြင်ဆင် ပျိုးထောင်ထားမှသာ လိုအပ်လာချိန်မှာ အရှိမြင့်မြင့်နဲ့ မြန်မြန်ဆန်ဆန် လည်ပါတ်နိုင်မှာ ဖြစ်ပါတယ်…. အဲ့ဒိအတွက် မြန်မာလူငယ်၊ လူရွယ်များအနေနဲ့ မိမိတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ သက်မွေးဝမ်းကြောင်းမှုမှာ တစ်ဖက်ကမ်းခတ် တတ်ထားအောင် အခုကတည်းက ကြိုတင်ပြင်ဆင်ထားကြပါလို့ တစ်နိုင်တစ်ပိုင် တိုက်တွန်းလိုက်ရပါတယ်….
မှတ်ချက် ။ ။ စနစ်တကျ တွက်ချက်ထားသော စာတန်းတစ်စောင် မဟုတ်ပါ…. သို့သော် ပါတ်ဝန်းကျင်နိုင်ငံများ လည်ပါတ်မှု အခြေအနေများပေါ် မူတည်၍ ဖြစ်ပေါ်လာမည့် လိုအပ်ချက်များကို ကြိုတင်မှန်းဆ၍ ရေးသားထားခြင်းသာ ဖြစ်ပါတယ်….. အထူးသဖြင့် အလုပ်လက်မဲ့ ဖြစ်နေသော လူငယ်လူရွယ်များအတွက် အနာဂါတ်ရှိနေတာ သိစေဖို့ပါ…. အလုပ်တွေ ပေါများလာချိန်မှာ အရည်အချင်းမှီမှီ ဖြစ်နေစေဖို့အတွက် အထူးရည်ရွယ်ပါတယ်…..

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်