Tuesday, November 27, 2012

လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ အပြောင်းအလဲနှင့် လက်ပံတောင်း ကြေးနီ

Posted by drmyochit Tuesday, November 27, 2012, under | No comments


အစိုးရ စီမံကိန်းများ အကောင် အထည် မဖော်ခင် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ပြီး အကောင် အ ထည် ဖော်နေ ဆဲ စီမံကိန်းများကို တစ်ဖက် သတ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှုဆုံးရှုံးနိုင် သည် ဟု ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ ဆုံစဉ် ပြောကြား သွား ခဲ့ သည်။ ''အခုလက်ပံတောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက် ခဲ့ရင် တန်ရာ တန်ကြေး ပြန်ပေးရ မယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့် တယ်တဲ့ နိုင်ငံ တစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စား နိုင်တော့ဘူး'' ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ပြည်သူ့လွှတ်တော် အစည်း အဝေး နောက်ဆုံးနေ့တွင် အစည်း အဝေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိဘဲ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြု ချက်ဖြင့် အစိုးရသို့ လွှတ်တော်မှ လက်ပံတောင်းတောင် စီမံကိန်းကို အဖွဲ့ တစ်ဖွဲ့ ဖွဲ့၍ စစ်ဆေးစေရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ် ချုပ်ကြီး ဝေလွင် က ပြန်လည် ရှင်းလင်း ခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းစီမံကိန်းနှင့် ပတ်သက်၍ မီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။ ''အစိုးရအနေနဲ့ ပွင့်လင်း မြင် သာမှုရှိဖို့ လိုတယ်။ အစကတည်းက ပွင့်လင်းမြင်သာမှုရှိခဲ့ရင်ဒီလိုပြဿ နာ တွေမဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမို ကရေစီခေတ် မှာ ပြန်ရှင်း ရတာ ဆို တော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလို ချင်ချင်နဲ့ပေးထားတဲ့ ကတိ ကိုယ့် ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်ဆိုတာ ကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ''ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို Wanbo Maing Ltd. မှ ဒေါ်လာ ၉၉၉ သန်း ရာ နှုန်းပြည့် ရင်းနှီးမြှပ်နှံခဲ့ပြီး အကျိုး အမြတ် ခွဲဝေမှုတွင် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက် နေ့မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့်အတွက် တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံးနေကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
''နိုင်ငံတစ်ကာ ဆက်ဆံရေး အရ ဆန်းစစ်ရလျှင် နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ ထာဝရရန်သူ ဟူ၍မရှိပါဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိပါတယ်။ ကျွန်တော့် ရဲ့ တင်ပြချက်က အမေရိကန်အတွက် မဟုတ်သလို တရုတ်အတွက်လည်း မဟုတ်ပါဘူး။ မိမိနိုင်ငံရဲ့ အကျိုး စီးပွား အတွက်သာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က စီမံကိန်းလုပ်ဆောင်ရခြင်းနှင့် ပတ် သက် ၍ ပြန် လည်ရှင်းလင်းခဲ့သည်။
အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ကြီးထွားလာ ရခြင်းသည် မီဒီယာ၏ ပယောဂ မကင်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်း ပြောကြားသွားခြင်းအပေါ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ် အောင်ဆန်းစုကြည်က ''အန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီး ပါ တယ်။ စောစော က ဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွား တယ်။ ဒါ ကို မျက်စိစုံ မှိတ်ပြီး မငြင်း နဲ့။ ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာ လည်း အမြဲမမှန် နိုင်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံး သပ် ဖို့ပဲ လိုပါတယ်'' ဟု မီဒီယာ များနှင့် တွေ့ ဆုံစဉ် ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။
(Messenger News Journal)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်