Tuesday, November 27, 2012

ဝံလက်ဖောင်ဒေးရှင်းမှ ရခိုင်ဒုက္ခသည်တွေအတွက် အရေးပေါ်ကူညီကယ်ဆည်ရေး ဆောင်ရွက်လျှက်ရှိ

Posted by drmyochit Tuesday, November 27, 2012, under | No comments


ရခိုင်ပြည်တွင် လက်ရှိဖြစ်နေသော အရေးအခင်းတွင် ဒုက္ခရောက်နိန်ဂတ်တေ ရခိုင်ပြည်သူတိအတွက် အရေးပေါ် ကူညီကယ်ဆည်ရေး ဆောင်ရွက်ဖို့ ၀ံလက်ဖောင်ဒေးရှင်းမှ စစ်တွေမြို့အတွင်း အလှူငွေတွေ ကောက်ခံနေရကြောင်း လေးဝတီက သိရှိရပါသည်။ ရရှိလာရေ အလှူငွေတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ စားသောက်ကုန်တွေကို လတ်တလော လိုအပ်နေရေ နေရာတွေမှာ အရေးပေါ် ကူးညီပေးသွားဖို့လို့ သိရပါသည်။
လက်ရှိအသေ အပျောက်စာရင်းတွေနှုင့် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ရေးအတွက် အရေးပေါ် လိုအပ်ချက်နဲ့ ပတ်သက်လို့ ၀ံလက်ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ယောက် ဖြစ်တဲ့ ဦးသိန်းထွန်းအေး ကအခုလို ပြောပြလားပါသည်။
“အခုဖြစ်လားရေ အရေးအခင်းမှာ လူ ၁၀ ကျော်လောက် သေပြီးတော့ ဒဏ်ရာရတာက စစ်တွေဆေးရုံကြီးမှာ သတ်သတ် အယောက် ၂၀ ကျော်ပါ အသေအပျောက်စာရင်း အတိအကျကိုတော့ခါ မပြောနိုင်သိမ့်ပါ။ လက်လှမ်းမမီတဲ့ နေရာတွေက ဒုက္ခသည်လူဦးရေ စာရင်းတွေကို အတိအကျကောက် ဖို့မလွယ်ပါ။ မီးလောင်ရာမှာ ပါသွားတဲ့သူက ကျောက်ဖြူမှာ များပါရေ။ အခုက ကားလမ်း၊ ရေလမ်းတွေကို ပိတ်ထားကာ သွားရလာရမလွယ်ပါ။ မင်းပြား၊မြောက်ဦးဖက်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေလဲ့ အများကြီးပါ” လို့ ပြောပါသည်။ စစ်တွေမြို့ ပြည်သူဆေးရုံးမှာလည်း ဘင်္ဂလီ အကြမ်းဖက်မှုကို ခုခံကာကွယ်ရင်း ဒဏ်ရာ အပြင်အထန်းရရှိပြီး ဆေးကုသခံ ယူနေရတဲ့ ရခိုင်တိုင်းရင်းသား လူနာ (၁၁) ယောက်မှာ ဦးစိန်သာအောင်၊ မောင်မောင်နိုင်၊ မောင်ထွီးစိန်၊ ဦးအောင်ရွှေမြ၊ ညီဝင်း၊ မောင်စောဖြူ၊ ဦးသန်းထွန်း၊ မောင်စိုးညွှန်၊ အောင်မင်းခိုင်၊ ဦးမောင်သန်းရွှေ၊ အောင်လင်းရို့အပြင် အယောက် ၂၀ ကျော်လောက်ရှိကြောင်းကို ၀ံလက်ဖောင်ဒေးရှင်း စာရင်းအရ သိရပါသည်။ “အခုလက်ရှိ ဒုက္ခသည်တွေကို နေရာချထားရေအပိုင်းတွေကို မလုပ်ပေးနိုင်ပါသိမ့်။ အယင်ဇွန်လမှာ ဖြစ်ခရေ ဒုက္ခသည်တွေကိုတော့ စားဖို့သောက်ဖို့ ဆီးဝါးကုသရေး အပိုင်းတွေကို လုပ်ပေးနိုင်ခဲ့ပါရေ။ အရေးပေါ် လိုအပ်တွေလောက်ကို ကူညီပေးနိုင်ခဲ့ပါရေ။ အခုလည်းပဲ ဒဏ်ရာရလို့ ဆီးရုံကို ရောက်လာရေလူတွေ၊ မိသားစုတွေ သေဆုံးလားခရေလူတွေကို အထောက်အပံ့ပေးလားဖို့ ကျနော်ရို့ ၀ံလက်ဖောင်ဒေးရှင်း အနေဖြစ် အရေးပေါ် အကူအညီ ပေးသွားဖို့ အစီအစဉ်လုပ်ပြီးတော့ လုပ်ဆောင်ပါတယ်။ ယင်းလူတွေအတွက် အိုးအိမ်တွေ  ပြန်လည် နေရာချထားဖို့ အတွက်တော့ ကျနော်ရို့မှာလည်း အင်အားမရှိပါ။ ယေဒါလေ့သော့ သူတို့တွေ နေဖို့ထိုင်ဖို့ အဆင်ပြေအောင် ကူညီကယ်ဆည်ရေးတွေကို လုပ်ဆောင်ပေးနေပါရေ” လို့ သူက ဆက်ပြောပြပါသည်။ လိုအပ်သည် အလှူငွေတွေ၊ ပစ္စည်းတွေ့ကိုပေးပို့ လှူဒါန်းချင်ပါက ဦးသိန်းထွန်းအေး – Ph- 0943154012 ၊
 ကိုသိန်းဝင်း – 09450540401၊  ကိုထွန်းမြင့်သိန်း – 09450541792 ၊ ခိုင်ကောင်းစံ – 0949269284 ၊
 အောင်ကျော်ဝင်း – 09421711588 ရို့ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါကြောင်း ကြေငြာထားပါသည်။
လက်ရှိ အရေးအခင်းမှာ သေဆုံးသူတွေကို သင်ဂြိုလ်ဖို့နန့် ဒဏ်ရာရသူတွေကို ဆီးကုသဖို့၊
ထွက်ပြေးလာကြတဲ့ ဒုက္ခသည်များအား ကျွေးမွေးစောင့်ရှောက်ဖို့၊ နောက်ထပ် မသေဆုံးဘဲ မီးတိုက်မခံရအောင် ဒေသခံကာကွယ်ရေး အဖွဲ့တွေ စေလွှတ်နိုင်ဖို့ လမ်းစရိတ်၊ စားစရိတ်တွေအပြင် တခြားလိုအပ်ချက် တွေအတွက် အလှူငွေတွေ တည်ငြိမ်နေသော ဒေသတွေ ကောက်ခံပြီးတော့ နောက်ထပ် အလှူငွေတွေကို ပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါသည်။
ရခိုင်လူမှု ကွန်ယက်တောင်ကုတ် မှဦးဆောင်ပနာ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ မြောက်ဦးမြို့တွေက ဆုံးရှံးနစ်နာလားရေ ရခိုင်သွီးချင်းမိသားစုတိအတွက် အထောက်အပံ့တွေ ရရှိစီဖို့ အလှုငွေ ကောက်ခံလားဖို့ အစီအစဉ်ကို တောင်ကုတ်မြို့မှာလည်း စတင်ဆောင်ရွက်နိန်ကြောင်း သိရပါသည်။
ပါဝင်လှုဒါန်းလို သူတို့နေဖြင့် ဖုံးနံပါတ် – ၀၉၄၂၁၇၂၄၃၈၀/ ၀၉၄၂၁၇၂၄၅၅၆/ ၀၉၈၅၃၀၁၁၈ ရို့ကို ဆက်သွယ်လှုဒါန်း နိုင်ပါကြောင်း နှိုးဆော်ထားပါသည်။ ဇွန်းလ ၈ ရက်နေ့ ကပင် စတင်ဖြစ်ပွားကြောင်း ပဋိပက္ခအတွင်း သေဆုံးသူ ၅၀ ယောက် ဒဏ်ရာရသူ ၅၄ ယောက်ရှိပြီးတော့ လူနေအိမ် ၂၂၃၀ အိမ် ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတွေ အပါအ၀င် ဘာသာရေး အဆောက်အဦး ၁၄ ကျောင်း မီးတိုက်ခံရပြီးတော့ ဒေသခံ ပြည်သူ ၆၁၄၆၂ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေရတယ်လို့ အစိုးရက ကြေငြာခပါသည်။
အခု လက်ရှိ ရခိုင်ပြည် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူမြို့တွေမှာ တဖက်နဲ့တဖက် အပြန်အလှန် မီးတိုက်မူတိကြောင့် အောက်တိုဘာလ ၂၁ ရက်နိ့က စတင်ဖြစ်ပွားခပနာ အခုအချိန်ထိ သေဆုံးသူ ၁၂ ယောက် ဒဏ်ရာရသူ ၅၀ နဲ့ လူနေအိမ် ၁၉၄၈ ဆောင်၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအပါအ၀င် ဘာသာရေးအဆောက်အဦး ၈ ခု မီးလောင်ပျက်စီးပနာ လူအများအပြား အိုးမဲ့အိမ်မဲ့ဘ၀ကို ကျရောက်နေရကြောင်း အစိုးရ ထုတ်ပြန်ထားသော်လည်း ယင်းထက် များပြားကြောင်း ဒေသခံသတင်း တွေဆီမှာ သိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်