Tuesday, November 27, 2012

ပုံမှန် အခြေအနေ ပြန်လည် ရရှိမှသာ ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းမည်ဟု ထိုင်း ဝန်ကြီးချုပ် ပြော

Posted by drmyochit Tuesday, November 27, 2012, under | No comments


လမ်းများပေါ်တွင် လုံခြုံရေး အခြေအနေ ပုံမှန် ရောက်ရှိမှုကို လုံခြုံရေး အေဂျင်စီများက အာမခံချက် ပေးချိန်တွင် ပြည်တွင်း လုံခြုံရေး  အက်ဥပဒေအား ရုပ်သိမ်းရန် ထိုင်းအစိုးရမှ အသင့်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် ရင်လက် ရှင်နာဝပ်မှ ပြောကြားခဲ့ ပါသည်။ ရင်လက်အား အယုံအကြည် မရှိ အဆို
 တင်သွင်း ထားသည့် လွှတ်တော် အစည်းအဝေး မတက်ရောက်မီ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
 အခြေအနေ အား အစိုးရ အဖွဲ့သို့ အစီရင်ခံစာ မတင်သွင်းမီ လုံခြုံရေး အေဂျင်စီ များသည် အစည်းအဝေး ကျင်းပလျက် ရှိကြောင်း ရင်လက်မှ ပြော ကြား ခဲ့ပါသည်။ နိုဝင်ဘာလ ၂၄ ရက် နေ့တွင် ရဲတပ်ဖွဲ့ များနှင့် ပဋိပက္ခ ဖြစ်ပွားစဉ် ဒဏ်ရာ ရရှိခဲ့သော ကန့်ကွက် ဆန္ဒပြသူများအား ဂရု စိုက်ရန် ပြည်သူ့ ကျန်းမာရေး ဝန်ကြီး ဌာနမှ ၎င်းအဖွဲ့အား ညွှန်ကြား ထားပြီး ဖြစ်ကြောင်း သူမက ပြောကြားခဲ့ ပါသည်။ ပုံမှန် အခြေ အနေ ပြန်လည် ရရှိမှသာ အစိုးရ အဖွဲ့မှ ထုတ်ပြန် ထားသည့် ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းမည် ဖြစ်သော်လည်း ရုပ်သိမ်းမည့် ရက်အား အတိအကျ မသိရှိ ရသေးကြောင်းနှင့် ဆန္ဒပြမှု များတွင် ဖမ်းဆီး ရမိသည့် သူများအား တရားဥပဒေ နှင့်အညီ စီရင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းမှ ထပ်လောင်း ပြောကြားခဲ့ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်