ပုဂ္ဂလိက ကျောင်းတွေဖွင့်ခွင့်
ပေးမယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်လာစကတည်းက ဘယ်လိုမြင်သလဲ ဆိုတဲ့မေးခွန်း မကြခဏ
အမေးခံရတယ်။ ကိုယ်ပိုင် သင်တန်းကျောင်းတစ်ခုဖွင့်ပြီး နှစ်ပေါင်းနှစ်ဆယ်
အစိတ်လောက် ဆရာလုပ်ခဲ့သူ ဖြစ်တာကြောင့် လာမေးကြတာဖြစ်တယ်။
ကြိုဆိုပါတယ်
ကိုယ်ပိုင်ကျောင်းဆရာ လုပ်ခဲ့ရုံသာမက
ကိုယ်တိုင်ကလည်း ပုဂ္ဂလိက သာသနာပြုကျောင်းမျိုးမှာ နေ လာခဲ့တာဖြစ် တာကြောင့်
ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေးတာ ကောင်းတယ်လို့ ယူဆပြီး ကြိုဆိုပါ တယ်။
လက်ရှိအနေ အထားမှာ ကျောင်းသားဦးရေ များလွန်းပြီး မနိုင်မနင်း ဖြစ်နေတဲ့
အစိုးရကျောင်း တွေလည်း ဝန်ပေါ့သွားမှာ ဖြစ်တယ်။ ဝန်ပေါ့သွားတဲ့အတွက်
စည်းကမ်းပိုင်းရော သင်ကြားရေးအပိုင်း ပါ ဖိဖိစီးစီး ဆောင်ရွက်နိုင် ကြမှာဖြစ်လို့ အစိုးရကျောင်းများရဲ့
စွမ်းဆောင်ရည်မြင့် တက်လာနိုင်ပါ တယ်။ တစ်ချိန်တည်းမှာပဲ အစိုးရကျောင်းများရဲ့
မနိုင်ဝန်ကြောင့် ပေါ်ပေါက်လာရတဲ့ ကျူရှင်မျိုးစုံ လည်း တဖြည်းဖြည်း ပပျောက်သွား ပါလိမ့်မယ်။
မိဘများနဲ့ ကျောင်းသားများ အတွက်လည်း ရွေးချယ် စရာတွေရှိလာတာကြောင့်
ကြိုက်ရာကျောင်း အပ်နိုင်လို့ စိတ်ချမ်းသာမှု ရှိလာကြမယ်။
ကျောင်းလခတွေ
ကျသွားမယ်
နောက်ထပ်ဝမ်းသာရမယ့် ကိစ္စတစ်ခုကတော့
လူတိုင်းဖွင့်ခွင့် မရတဲ့အတွက် အရေအတွက် နည်းနည်း သာရှိတဲ့ ပုဂ္ဂလိကကျောင်းတွေက
သူတို့စိတ်ကြိုက် နင့်နေအောင်တောင်းတဲ့ ကျောင်းလခတွေ လျော့ကျသွား နိုင်စရာရှိတာဖြစ်တယ်။
အခုလောလောဆယ်တော့ ပုဂ္ဂလိက ကျောင်းတွေမှာ ရေပေါ်ဆီ လူတန်းစား သားသမီးတွေသာ အများစု
တက်နိုင်ကြပါတယ်။ နောင်ကျရင်တော့ လူလတ်တန်းစား သားသမီးများပါ တက်လာနိုင်ကြလိမ့်မယ်ထင်ပါတယ်။
လက်လုပ်လက်စား ဆင်းရဲသူ ဆင်းရဲသား သားသမီးများတော့ ဘယ်တတ်နိုင်ကြမှာလဲ။
သူတို့တစ်တွေကတော့ ကုန်ကျစရိတ်သက်သာတဲ့ အစိုးရကျောင်းတွေသာ တက်ကြရမှာပါ။
အဲဒီအချိန်ကျရင် အစိုးရကျောင်း တွေကလည်း ဝန်ပေါ့သွားပြီ ဖြစ်လို့
နိုင်နိုင်နင်းနင်း သင်ကြားနိုင် တော့မှာကြောင့် အရည်အသွေးတွေ မြင့်တက်လာကြမှာပါ။
ခေါင်းဆောင်မှန်သမျှ
အစိုးရကျောင်းက
ရှေးကလည်း သာသနာပြု ကျောင်းတွေနဲ့
တခြားပုဂ္ဂလိက ကျောင်းတွေအများကြီး ရှိပေမယ့် အစိုးရ ကျောင်းတွေမှာလည်း
စည်စည်ကားကား ရှိကြတာပါပဲ။ ပညာသင်ကြားမှု အရည်အသွေးကလည်း မနည်းလှပါဘူး။ မြန်မာနိုင်ငံရဲ့
ထိပ်တန်းခေါင်းဆောင်ကြီး တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးဗဆွေ၊
သခင်သန်းထွန်း၊ သခင်ဗဟိန်း စတဲ့ပုဂ္ဂိုလ်ကြီးတွေ အားလုံးဟာနယ်က အစိုးရအထက်တန်း
ကျောင်းတွေက အောင်လာကြသူတွေချည်း ဖြစ်ပါတယ်။ သာသနာပြု စိန့်ကျောင်းထွက်တွေထဲက
နိုင်ငံခေါင်းဆောင် အဆင့်ရောက်သူ အင်မတန်နည်းပါတယ်။ သူတို့အမြင့်ဆုံး ဖြစ်တာကတော့
အတွင်း ဝန်ဆိုတဲ့ ဗျူရိုကရက် အကြီးစား အဆင့်မျိုးသာ ဖြစ်ပါတယ်။
မျိုးချစ်လူငယ်တွေ
မွေးထုတ်ပေးတဲ့ကျောင်း
အစိုးရကျောင်းများရဲ့
အားသာချက်ကတော့ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ်ရှိတဲ့ လူငယ်တွေ မွေးထုတ်
ပေးနိုင်တဲ့ အချက်ဖြစ်တယ်။ စိန့်ကျောင်းခေါ်တဲ့ သာသနာပြုကျောင်းများက
သူတို့သာသနာနဲ့ သူတို့ ယဉ်ကျေးမှု ဖြန့်ချိဖို့သာ အဓိကထားကြတယ်။ တခြားပုဂ္ဂလိက ကျောင်းများကလည်း
စီးပွားရေးကိုသာ အာရုံစိုက်တာများတယ်။ သာသနာပြု ကျောင်းတွေလို စည်းကမ်း
မတင်းကျပ်ဘူး။ ကျောင်းသားကို အလိုလိုက်တဲ့ နည်းနဲ့ဆွဲဆောင်လေ့ရှိတယ်။
သာသနာပြုကျောင်းတွေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တွေအားလုံးကို အစိုးရက ၇ တန်းနဲ့
၁ဝ တန်း အစိုးရစစ် စာမေးပွဲနဲ့ထိန်းချုပ်ထားတယ်။ မြန်မာပြည်က ကျောင်းသားအားလုံး
မဖြေမနေရ ဝင်ဖြေရတယ်။ အစိုးရစစ် ၁ဝ တန်းအောင်မှ တက္ကသိုလ်တက်ခွင့်ရတယ်။ အဲဒီတော့
ပုဂ္ဂလိက ကျောင်းအားလုံးဟာ ၇ တန်းနဲ့ ၁ဝ တန်းမှာ အစိုးရ ပြဋ္ဌာန်စာအုပ်တွေ
မသင်မဖြစ်သင်ရတယ်။ သာသနာပြု ကျောင်းတွေကတော့ သူတို့ပြဋ္ဌာန်းစာရော အစိုးရ
ပြဋ္ဌာန်းစာပါ သင်လေ့ရှိကြတယ်။ အစိုးရစစ် ၇ တန်းအောင်ပြီး ကျောင်းစစ် မအောင်သူကို
အတန်းတက်မပေးဘဲ ၇ တန်းမှာပဲ ဆက်ထားတာမျိုးလည်း ရှိတယ်။ ကျောင်းသားတချို့က ကျောင်း
ထွက်ပြီး တခြားပုဂ္ဂလိ ကကျောင်းမှာ ၈ တန်း သွားတက်ကြတယ်။
ပညာစီးပွား
အခု နှစ်ပေါင်း
လေးဆယ်ငါးဆယ် နီးပါးကြာမှ ပုဂ္ဂလိကကျောင်းတွေ ပြန်လည်ဖွင့်ခွင့်ပြုတာ ဖြစ်လေ
တော့ဟိုလူကဖွင့် ဒီလူကဖွင့်နဲ့ နေရာတကာ ကျောင်းတွေပေါ်ထွက်လာကြမှာ သေချာပါတယ်။
ရှေးကနဲ့ မတူတာက ကမ္ဘာတစ်လွှားမှာ ပညာရေးကို စီးပွားရေးလုပ်ငန်းကြီးများသဖွယ်
လုပ်ကိုင်လာ ကြတဲ့အချက်ဖြစ်တယ်။ နိုင်ငံခြားက နာမည်ကြီး ကျောင်းတွေက
ကမ္ဘာအနှံ့အပြားမှာ ကျောင်းခွဲတွေ လိုက်ဖွင့်ပြီး စီးပွားရှာကြတယ်။
ကုန်တိုက်ကြီးတွေက ဆိုင်ခွဲတွေနေရာ အနှံ့ဖွင့်လှစ်သလို ဖြစ်နေတာ ကြောင့် ပညာထက်
အမြတ်ငွေကြေးကို ပိုပြီး အလေးထားကြတယ်။ စီးပွားရေးလောကရဲ့ ထုံးစံအ တိုင်း
ပညာရေးကို ဗန်းပြပြီး ပိုက်ဆံရဖို့ သက်သက်လုပ်တဲ့ ကျောင်းတု တက္ကသိုလ်တု
ဘွဲ့လက်မှတ်တု ဆိုတာတွေလည်း ရောကောသောကော ပေါ်ပေါက်လာကြတယ်။ အဲဒီအတု
အယောင်သမားတွေရဲ့ အဓိကပစ်မှတ်က ဈေးကွက်စီးပွားရေး
ကူးပြောင်းစဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်ကြတယ်။ စီးပွားရေးသမားတွေ များများစားစား
ဝင်မလာသေးတဲ့ အခုအချိန်မှာတောင် ကျောင်းသားဗီဇာ ရဖို့လောက်သာ ထောင်ထားတဲ့ကျောင်းတု
တက္ကသိုလ်တုတွေရဲ့ အလိမ်ခံလိုက်ရတဲ့ သတင်းမျိုးတွေ ကြားနေရတယ် မဟုတ်လား။
ကျောပိုအိတ်သမား
သတိထား
ပုဂ္ဂလိကကျောင်းတွေ
တရားဝင်ဖွင့်လှစ် လာကြတဲ့အခါမှာ နိုင်ငံခြားက လာပြီးဖွင့်မယ် ကျောင်းတွေကို
အထူးဂရုစိုက်ပြီး စစ်ဆေးကြပ်မတ်ဖို့ လိုပါလိမ့်မယ်။ လာဖွင့်မယ့်
သူတို့မူရင်းနိုင်ငံမှာ တရားဝင်မှတ်ပုံ တင်ပြီးထားတဲ့ ကျောင်းဟုတ်ရဲ့လား။
အဆင့်အတန်း ဘယ်လောက်ရှိလဲ။ ကမ္ဘာကျော်တက္ကသိုလ်ကြီး တွေနဲ့ချိတ်ဆက်ထားလို့
အဲဒီ တက္ကသိုလ်ကြီးတွေကို တိုက်ရိုက် ဝင်ခွင့်ရတယ်ဆိုတာ မှန်ရဲ့လား။
မြန်မာပြည်မှာ လာရောက်နေထိုင် သင်ကြားပေးမယ့် နိုင်ငံခြားသားဆရာ ဆိုသူများဟာ
အမှန်တကယ် ဆရာလုပ်နိုင်တဲ့ အရည်အချင်း ရှိသူများ ဟုတ်ရဲ့လား။ ခရီးသွား
ဟန်လွှဲလုပ်တဲ့ 'ကျောပိုးအိတ်သမား' တွေများ ဖြစ်နေမလားဆိုတဲ့ အချက်တွေကို
သေသေချာချာ စစ်ဆေးကြပ်မတ်ဖို့ လိုပါလိမ့်မယ်။ နိုင်ငံခြားသားဆရာများ ကိုယ်တိုင်
သင်ပြသည်လို့ ကြော်ငြာတဲ့ ကျောင်းတော်တော်များများက ဆရာဆိုသူတချို့ဟာ
ဆရာလုပ်နိုင်တဲ့ ပညာအရည်အချင်းမရှိတဲ့ 'ခြေသလုံး အိမ်တိုင်' ကျောပိုးအိတ် သမားတွေ
ဖြစ်နေတတ်လို့ပါ။ ကိုယ်တိုင်အများကြီး ကြုံတွေ့ဖူးလို့ သိနေတာပါ။
ပါမောက္ခကြီးများရဲ့
ညည်းညူသံ
ခေတ်ရဲ့လိုအပ်ချက်အရ
ပုဂ္ဂလိက ကိုယ်ပိုင်းကျောင်းတွေ ဖွင့်ခွင့်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် ပညာရေးကို
အလွန်အကျွံ စီးပွားရေးဆန်တာ (Commericialized) မျိုး ဖြစ်မသွားအောင်တော့ သတိပြု
သင့်ပါတယ်။ ပညာရေးကို စီးပွားရေး လုပ်ငန်းကြီးသဖွယ် လုပ်လာကြတဲ့အတွက် 'ဘွဲ့ရတွေကို
စက်ရုံကြီးထဲမှာ ပုံစံသွင်းပြီး အမြောက်အမြား (Mass production) ထုတ်လုပ်နေကြတဲ့
အတွက် အရည်အသွေးတွေကျဆင်း ကုန်ပြီ' လို့ သူတို့အနောက် နိုင်ငံကြီးတွေက
တက္ကသိုလ်ပါမောက္ခ တွေကိုယ်တိုင် စိတ်ပျက်လက်ပျက်နဲ့ ညည်းညူနေတဲ့ အသံတွေကိုလည်း
ဂရုစိုက်ပြီး နားထောင်ကြဖို့ လိုတဲ့အကြောင်း သတိပေးနှိုးဆော် လိုက်ချင်ပါတယ်။
စံပယ်ဖြူ မဂ္ဂဇင်း
0 comments:
Post a Comment