Tuesday, November 27, 2012

ပြည်ပ စစ်သား၊ ဒို့စစ်သား

Posted by drmyochit Tuesday, November 27, 2012, under | No comments


ခိုင်မာကာ တည်ကြည်..ဒို့စိတ်ထား သည်။ တပ်မတော် သားတွေ သည် ဇွဲနှင့် သတ္တိညီ။ ရန်သူ ကို ဘာမထီ အပြုတ်နှံ လို့ အတည် ဒို့ပြည်သူ ကို မထိနဲ့ မီးပွင့်မည် ဆိုတဲ့ မြန်မာ့ တပ်မတော်သား တိုင်း သိကြတဲ့ စစ်သီချင်းသံ လို ပါပဲ။ တပ်မတော်ဆိုတာဟာ ပြည်သူ့ အတွက် ဖြစ်ပါ တယ်။ ဒီပြည်သူတွေ ကာကွယ်ဖို့ အတွက်ပဲ တပ်မတော် သားတွေ ဟာ အပင်ပန်း ခံလေ့ကျင့်ကာ အသက်ပေးပြီး တိုင်းပြည် တာဝန်ကို ထမ်းဆောင်ကြ ရ ပါတယ်။ ဒါပေမယ့် ငါ့သားများ စစ်ထဲ ဝင်ရင်လေ… သူ့ကို ပြောလိုက်ပါ၊ စစ်တပ် ဆိုတာ အမှန် တကယ် သာ လိုက်နာ နိုင်မယ်ဆိုရင် ယောက်ျားကောင်း ယောက်ျား မြတ်တွေ မွေးထုတ် ရာ ကျောင်းတော်ကြီးပေါ့ ဆိုတဲ့အတိုင်း အမှန်တကယ် လိုက်နာနိုင်မှသာ ယောက်ျား ထဲမှာ ယော က်ျားကောင်း ယောက်ျားမြတ်ေ တွ ဖြစ်လာမှာ ဖြစ်ပါတယ်။
သူများနိုင်ငံတွေမှာ ဒီပုံထဲကလိုမျိုး အပြစ်ပေးတာတွေရှိသလို ပျော်စေ ပျက်စေ ချွေးတလုံးလုံးနဲ့ မြန်မာ စစ်သားများလည်း ကြုံဖူးခဲ့ကြပါတယ်။
သူများနိုင်ငံတွေမှာ ဒီပုံထဲကလိုမျိုး အပြစ်ပေးတာတွေရှိသလို ပျော်စေ ပျက်စေ ချွေးတလုံးလုံးနဲ့ မြန်မာ စစ်သားများလည်း ကြုံဖူးခဲ့ကြပါတယ်။  သူတို့မှာလည်း ငမ်းဖူးကြသလို ကိုယ်တို့မှာလည်း ပြင်ဦးလွင်မှာ ဂွမ်းဖူးခဲ့ကြပါသေးတယ်။  စစ်ရေးပြမှာ သပ်ရပ်စနစ်ကျသော စစ်သားများဖြစ်ဖို့ ဒို့ဆရာများကလည်း ဒါမျိုးတွေ လုပ်ပေးခဲ့ဖူးတယ်။

သူများတွေ မိုင်းအတွက် ဒီလိုရှင်းပေမယ့် ဒို့ကတော့ ပြည်သူ့အကျိုးအတွက် ဥာဏ်ကိုလွှာသုံးပြီး ခန္ဓာကိုယ်နဲ့ ရင်းပြီး ရှင်းပေးရပါတယ်။ 
ညီညာမှုအတွက်၊ အကွာအဝေးအတွက် သူများတွေ ဒီလိုတိုင်းရပေမယ့် ကိုယ်တို့ ဆရာတွေကတော့ မျက်စိနဲ့ကြည့်ယုံ လုံလောက်ခဲ့ဖူးပါတယ်။ 
လုံလောက်ခဲ့ဖူးပါတယ်။ သူများတွေ အားလပ်ချိန်မှာ ဒါမျိုး အားဖြည့်နိုင်ကျပေမယ့် ကိုယ်တို့ကတော့ ရေတောင် အလုအယက် တစ်ယောက်တစ်ခွက်သောက်ပြီး လေ့ကျင့်ခဲ့ကြရတယ်။
ညီညာမှုအတွက် ပေတံကပ်ပြီး လေ့ကျင့်စရာ မလိုအောင် ဒို့ဆရာတွေက မျက်စိကောင်းခဲ့ကြပါတယ်။





0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်