Thursday, July 03, 2014

ဆီးရီးယား ဓာတုလက်နက်များ အမေရိကန်စစ်သင်္ဘော လွှဲပြောင်းယူ

Posted by drmyochit Thursday, July 03, 2014, under | No comments


ဆီးရီးယား နိုင်ငံမှ သယ်ယူလာသည့် ဓာတုလက်နက်များကို အရပ်ဘက် ကုန်တင်သင်္ဘောပေါ်မှ အမေရိကန် စစ်ဘက်သင်္ဘော တစ်စီးပေါ်သို့ အပြီးသတ် လွှဲပြောင်းနိုင်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ကြေညာခဲ့သည်။

ဒိန်းမတ်ကုန်တင်သင်္ဘော Ark Futuraသည် အီတလီဆိပ်ကမ်း တစ်ခုတွင် အမေရိကန်ရေတပ်မှ Cape Ray သင်္ဘောပေါ်သို့ ဓာတုလက်နက်များ ပြောင်းလဲတင်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်၊ ဩဂုတ်(၂၃)ရက်က ဒမတ်စကက်မြို့တွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုတစ်ခုအတွင်း အရပ်သား (၁၄၀၀)ကျော် သေဆုံးသည့် ဖြစ်ရပ်နောက်ပိုင်း နိုင်ငံတကာ ဖိအားပေးမှုများကြောင့် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်က နိုင်ငံအတွင်းရှိ ဓာတုလက်နက်များကို ကုလသမဂ္ဂထံ လွှဲပေးရန် သဘောတူညီခဲ့ရသည်။

အဆိုပါ ဓာတုလက်နက်များကို အရပ်ဘက် သင်္ဘောများဖြင့် သယ်ဆောင်ပြီး အမေရိကန် စစ်တပ်က တာဝန်ယူ ဖျက်ဆီးသွားရန် စီစဉ်ထားသည်။ “ဒိန်းမတ် ကုန်တင်သင်္ဘော Ark Futuraက ဓာတုလက်နက်တွေကို အမေရိကန် သင်္ဘော Cape Rayပေါ် ပြောင်းရွှေ့မှုအားလုံး အပြီးသတ်ခဲ့ပါပြီ။ Cape Rayဟာ ဂျီအွိုင်ရာတော်ရို ဆိပ်ကမ်းကနေ ခွာထွက်ပြီး မြေထဲပင်လယ်ထဲက နိုင်ငံတကာ ရေပိုင်နက် တစ်နေရာကို ခုတ်မောင်းပါမယ်။ အဲဒီနေရာမှာ လက်နက်ဖျက်သိမ်းမှု လုပ်ငန်းစဉ်တွေကို မကြာမီ စတင်ပါမယ်”ဟု ပင်တဂွန်၏ သတင်းဖြန့်ချိရေး တာဝန်ခံ ရေတပ် နောက်တန်းကွပ်ကဲရေး သေနာပတိ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

ထိုကဲ့သို့ လက်နက်ဖျက်သိမ်းမည့် လုပ်ငန်းစဉ်သည် သီတင်းပတ် အနည်းငယ်မျှ ကြာမြင့်နိုင်ကြောင်းလည်း ကာဘီက ဆိုသည်။ ဆာရင်းအဆိပ်ဓာတ်ငွေ့များ အပါအဝင် ဓာတုလက်နက် ပါဝင်ပစ္စည်း အများအပြားကို အီတလီတောင်ပိုင်း၌ အမေရိကန် ရေတပ်က လက်လွှဲယူနေစဉ် ဆိပ်ကမ်းပတ်ဝန်းကျင်ကို လုံခြုံရေး တင်းကျပ်စွာ စောင့်ကြပ်ထားခဲ့ကြောင်းလည်း သိရသည်။

From: 7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်