Saturday, August 31, 2013

Sony က Xperia Z1 မှာ ရေစိုခံ အမျိုးအစားဟု အတည်ပြု

Posted by drmyochit Saturday, August 31, 2013, under | No comments


Sony မှ လက်ရှိတွင် ရောင်းအားကောင်းခဲ့သော Xperia Z စမတ်ဖုန်းအပြင် အရွယ်အစား ကြီးမားသော Xperia Z Ultra စမတ်ဖုန်းကိုပါ ထုတ်လုပ်ထားပြီး  Samsung ထုတ်ကုန်များကို ယှဉ်ပြိုင်သွားရန် ကြိုးပမ်းလျက် ရှိနေရာ ယခုနှစ် အတွင်းမှာပင် နောက်ထပ် အဆင့်မြင့် စမတ်ဖုန်း တစ်လုံးဖြစ်သော Honami ဟု ခေါ်ဆိုထားသည့် Xperia Z1 ကို ထုတ်လုပ် ကြေညာသွားရန် ရှိနေသည်။

Sony ၏ နောက်ပိုင်းထုတ်ကုန် အများစုမှာ ရေစိုခံ အကြမ်းခံ အမျိုးအစားများ ဖြစ်လာသည့် အတွက် ယခုဆက်လက် ထုတ်လုပ်မည့် Xperia Z1 စမတ်ဖုန်းမှာလည်း ရေစိုခံ၊ အကြမ်းခံ အမျိုးအစားဖြစ်ကြောင်း Sony ကပင် အတည်ပြု သွားခဲ့ခြင်း ဖြစ်သည်။ Xperia Z1 ဖုန်းမှာ လက်ရှိနောက်ဆုံး ထုတ်လုပ်ထားသော Xperia Z Ultra ဖုန်းကဲ့သို့ အပါးဆုံး အနေအထား မဟုတ်သော်လည်း ပါးလွှာသည့် အတန်းအစားများထဲတွင် ပါဝင်မည် ဖြစ်ကြောင်း နောက်ပိုင်း ထွက်ပေါ်လာသော အဆိုပါ ဖုန်း၏ ပုံများကို ကြည့်ကာ ခန့်မှန်းပေးထားကြခြင်း ဖြစ်သည်။ ဖုန်းအပေါ်ပိုင်းတွင် 3.5mm headset jack ပါရှိပြီး ဖုန်းညာဘက်ဘေးတွင်မူ power, button, volume rocker တို့ ပါဝင်မည် ဖြစ်သည်။ ကင်မရာပိုင်းအတွက် Omio က တွေ့ရှိသည့် ပုံများအရ ရုပ်ထွက် အထူးကောင်းမွန်သည့် G lens အမျိုးအစားကို သုံးထားသည်ဟု သိရှိရသည်။ ထပ်မံထွက်ပေါ်လာသော ပုံများအရ ဆိုလျှင် Xperia Z1 မှာ အဖြူ၊ အနက်အပြင် အပြာရောင်ကို ပါရှိမည်ဟု သိရှိရပြီး အတိအကျကိုမူ ပြောဆိုထားခြင်း မရှိသေးပေ။ 5-inch Full HD display, quad-core Snapdragon 800 processor, 2GB RAM, 3000 mAh battery နှင့် Android 4.3 Jelly Bean ကို အသုံးပြုပေးထားမည် ဖြစ်သည်။ Sony မှာ အဆိုပါ ဖုန်းသစ်ကို လာမည့် စက်တင်ဘာလ ၄ ရက်တွင် အသေးစိတ် အချက်အလက်များနှင့်အတူ တရားဝင် ကြေညာ ပေးသွားရန်ပါ ရှိနေသည်။

Sony မှာ Xperia Z1 ဖုန်း၏ mini အမျိုးအစား ဖြစ်သော Xperia iA Honami ကိုပါ ထုတ်လုပ်သွားရန် ရှိနေပြီး 4.3-inch display, Snapdragon processor, 2GB RAM, 16GB internal storage with SD card slot, 2400 mAh battery တို့ကို ထည့်သွင်း ပေးထားသည်ဟု သိရှိရသည်။


Ref & Credit: Net Guide Journal
From: Myanmar Mobile App

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်