Saturday, August 31, 2013

ဂြိုဟ်တု သယ်ယူရေး ဒုံးပျံသစ် Epsilon ကို ပစ်လွှတ်ရန် နောက်ဆုံး ၁၉ စက္ကန့်ရောက်မှ ဖျက်သိမ်းလိုက်ခြင်း

Posted by drmyochit Saturday, August 31, 2013, under | No comments

သိပ္ပံပညာရပ်ဆိုင်ရာ ရှာဖွေ လေ့လာရေး ဂြိုဟ်တုကို သယ်ဆောင်သွားမည့် ဂြိုဟ်တု သယ်ယူရေး ဒုံးပျံသစ် Epsilon ကို ဂျပန်နိုင်ငံ တောင်ပိုင်း Uchinoura Space Center မှ သြဂုတ် ၂၇ ရက်နေ့တွင် ပစ်လွှတ်ရန် အသင့်ပြင်ဆင်ထားပြီး ပစ်လွှတ်ရန် နောက်ဆုံး ၁၉ စက္ကန့်တွင်မှ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း Japan Aerospace Exploration Agency (JAXA) က ပြောကြားခဲ့သည်။
အဆိုပါ ဒုံးပျံသစ် Epsilon-1 သည် လေထု တုံ့ပြန်မှုကို သိရှိရန် အတွက် ရောင်စဉ်တန်း ကိရိယာ အသုံးပြု စောင့်ကြည့် လေ့လာရေး ဂြိုဟ်တု (SPR-INT-A)ကို သယ်ဆောင်လျက် Uchinoura Space Center မှ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပစ်လွှတ်ရန် စီစဉ်ထားလျက်ခဲ့သည်။ ဒုံးပျံသစ်သည် ၁၉၉၇ ခုနှစ်နှင့် ၂ဝဝ၆ ခုနှစ်အတွင်း အာကာသ အတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည့် M-5 ဒုံးပျံ နေရာတွင် အစားထိုးနိုင်ရန် ဒီဇိုင်း ရေးဆွဲထားကာ နောက် ထပ် အသေးစိတ် အချက်အလက်များကို ထပ်မံ ကြေညာပေးမည် ဖြစ်ကြောင်း JAXA မှ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။
http://www.nbcnews.com/science/japan-cancels-first-launch-epsilon-rocket...

From: MRTV 4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်