Saturday, August 31, 2013

၁ % နှုန်းနဲ့ ပြုတ်မည်ကို ဒေါ်အောင်ဆန်းစုကြည်လည်း ကြောက်

Posted by drmyochit Saturday, August 31, 2013, under | No comments


လစ်လပ်မဲ ဆန္ဒ နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ များ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ လွှတ်တော် ကိုယ်စား လှယ်များအား ပြန်ရုပ်သိမ်းခြင်းဥပဒေကို အမြန်ပြု ရန် ဆိုခြင်းသည် စဉ်းစားရန်လိုကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒါက လွှတ်တော်မှာ ပါလာပြီးပြီး မကြာခင်ကာ လတုန်းက လစ်လပ် နေတဲ့  မြို့နယ်တွေမှာ လွှတ်တော် ကိုယ်စား လှယ်တွေ ကြားဖြတ်ရွေးကောက်ပွဲ တွေ ကို လုပ်ဖို့  ၊အဲဒါကို ကြတော့ လုပ်ဖို့ မလို သေးဘူး လို့ ပြော တယ်လေ လုပ်ဖို့ အစီိအစဉ် မရှိဘူးဆိုတော့ အဲဒီနေရာတွေ မှာ ပြန်ပြီး အစား ထိုးဖို့ လစ် ဟင်း နေတဲ့ နေရာ တွေ မှာ အစားထိုးဖို့ တောင်မှ အမြန် လုပ်ဖို့ မလို ဘူးဆိုရင် ဒီကိစ္စ ကို ဘာ လို့  ၃ လတောင်မှ ဘာလို့ မစောင့် စားနိုင် အမြန် လုပ်ချင်ရာ ဖို့ ရာ ဘာ အကြောင်းရှိမလဲဆိုတာ ဒါနည်းနည်း စဉ်းစားရမှာ ပေါ့ ” ဟု ၎င်း ကပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မ တီက လေ့ လာ တွေ့ ရှိချက် များကိုဒီဇင်ဘာ လအတွင်း ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ကိုယ်စားလှယ် အဖြစ်မှ ရုပ် သိမ်း ခြင်း ပုဒ်မအပါအ၀င် အစီရင်ခံစာ တင်ပြရမည်ဖြစ်၍ အချိန် ကာ လ ၃ လခန့် ကို မစောင့်စားနိုင်ဘဲ မည် သည့် အတွက် ကြောင့် လုပ်ခြင်းသည်ကိုမေးမြန်းလို ကြောင်း ၎င်း ကပြောသည်။ “အခုဒီလို ဆိုင်းငံ့ ထားတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီ ဘူး လို့  ထင်လို့ ချင်ရင်၊ဒါထင်တဲ့ အတိုင်းပြောလို့ ရပါတယ်။

ပြောချင် တဲ့ အဖွဲ့  အစည်းက ကျွန်မတို့ လွှတ်တော် အတွင်း ကတော့ ဒီဟာလုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အမြင်နဲ့ ဆုံး ဖြတ်လိုက်တာပဲ ။လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒါကို သဘော တူ လိုက်တာပဲ။ ဒီဖွဲ့ စည်းပုံ အခြေခံဥပဒေ လေ့လာရေးကော်မတီက ဒီကိစ္စကို ကိုင်တွယ် တဲ့ အထိစောင့် လိုက်ပါ ဆိုတာ အန်တီ အမြင်မှာ တော့ ဒါစဉ်းစဉ်း စားစား လုပ်တဲ့ ကိစ္စပဲ ကမှန်းကတမ်းကြီး ဘာဖြစ်လို့ လုပ်ဖို့ က ဘာဖြစ်လို့  လို သလဲ ဆိုတာလဲ မေးစရာရှိတာပေါ့ ။ဘာဖြစ်လို့ ဒီလောက်အမြန် ကြီးလုပ်ချင် တာလဲ။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မရှင်ကနေ ဒီဇင်ဘာ မကုန်မှီ အစီရင် ခံစာ တင်ရမယ်လို့ ဆုံးဖြတ်ထားတယ်လေ”ဟု ၎င်း ကပြောသည်။

ပထမအကြိမ်ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ အစည်းအဝေး ပြီးဆုံးပြီး မွန်းလွဲ (၁၃း၀၀) နာရီတွင်ပြည်သူလွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် မီဒီယာများနှင့် လွှတ်တော်ရုံး အမှတ်I-12 တွင် တွေ့ ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။“အဲ့လွှတ်တော်ထဲမှာ ဆွေးနွေး တုန်းက ဆိုရင် လွှတ်တော် ကိုယ်စားလှယ် နှစ်ယောက်က ပြန်ပြီး တော့ ဖြေသွားတာတွေရှိတယ်ဦးမောင်တိုး ပြောတဲ့ကိစ္စ ကတော့ အဓိက ကတော့ သိပ် မတည်မငြိမ်မှု တွေ ဖြစ်မယ်ပေါ့။ တစ် ရာခိုင်နှုန်းကို ရှုံးသွားတဲ့သူကနိုင်သွားတဲ့သူကို မကျေနပ် လို့ အကြောင်းရှာ ပြီးတော့ ဒီလိုပြန်ပြီးတော့ ရုပ်သိမ်းဖို့ ဟာကို တင်နိုင်တယ်။

နောက် ဦးဘရှိန် ပြောသွားတဲ့ဟာမှာ ဆိုရင် ဒီလို ဟာတွေကို ခွင့်ပြုထားမယ်ဆိုရင်တောင် အကုန် အကျတွေ ဘယ်လောက်တောင် များမလဲဆိုတာ စဉ်းစားကြည့်ပါဆိုတော့ တကယ်တော့ လဲ အဲဒါဟာ မှန်ပါ တယ်။ ရွှေး ကောက်ပွဲ လဲ လုပ်ရဦး မယ်။နောက်ပြီး မှ အားလုံး တစ်ခါပြန်ပြီး တော့ လုပ်ရမယ် ဆိုရင်ဒါ Theory အရ ဆို ရင် အဲ လို ဖြစ်နိုင်တယ်နော် ။၁ရာခိုင်နှုန်း ဆိုတာသိပ်များတာလဲ မဟုတ်ဘူး တကယ် ကို တစ်ရာခိုင်နှုန်းက မကျေနပ်တာတွေလဲ ရှိနိုင်တာပဲ ” ဟု ၎င်းကပြောသည်။ ထို့ပြင် ၄င်းက " အဲဒါတွေ ဟို ဘက် ဒီဘက်ကို မီဒီယာတွေရဲ့ အလုပ်ကပေါ့နော် ၊အန်တီ အနေနဲ့ မြင်တာကသတင်းတွေကို ထည့်ယုံ တင်မကဘူး သတင်းတွေကို သုံးသပ်နိုင်တဲ့ အခြေအနေ မှာ လဲ ရှိတယ် ။အဲဒီတော့ မျှမျှ တတ သုံးသပ်ဖို့ လဲ လို တယ် " ဟု မီဒီယာများနှင့်ပတ်သက်၍ ထပ်လောင်းပြောသည်။ယင်းကိုယ်စားလှယ်အခွင့် အရေးများ ပြန်ရုပ်သိမ်းခြင်း ဥပဒေကို စောလျှင်စွာ ပြုပေးရန် ပြည်ထောင် စုရွှေးကောက် ပွဲကော်မရှင် က ယ နေ့ တွင် ပြည်သူ့ လွှတ်တော် သို့ သ၀ဏ်လွှာပေးပိုခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၊မြိတ်မြို့ မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ်၊ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁၂) ကိုယ်စားလှယ်နှင့် မန္တလေး တိုင်း တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၄) ဦး တို့ကို ကိုယ်စား လှယ် အဖြစ်မှ ရုပ်သိမ်းပေးရန်တိုင်းကြားထားကြောင်း ပါရှိသည်။

From : ..popular

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်