Saturday, August 31, 2013

ADALAFIL (တာဒါလာဖေးလ်) ယောက်ျားသုံးဆေး

Posted by drmyochit Saturday, August 31, 2013, under | No comments


ကာမအားဆေးများ အမြဲသုံးရင်ဘာဖြစ်နိုင်သလဲ ဆေးနာမည် စာလုံးပေါင်းပြောပါ။

အသက် ၃၉ ကျား ဆေးက Duron-20 Tadalafil Tablets 20mg

Tadalafil (တာဒါလာဖေးလ်) ဆေးကို Adcirca နဲ့ Cialis Tablets စားဆေးအနေနဲ့ ထုတ်လုပ်ရောင်း ချတယ်။ ဆေးဝါးဗေဒအရ ပြောရရင် Inhibition of phosphodiesterase type 5 (PDE5) အမျိုးအားဖြစ် တယ်။ အရင်ဆုံး သုံးခဲ့တာက Pulmonary arterial hypertension အဆုပ်ရောဂါတမျိုးအတွက် ဖြစ်တယ်။ အခုခေတ်စားလာတာကတော့ Erectile dysfunction ပန်းသေ-ပန်းညှိုးအတွက်ဖြစ်တယ်။ Benign prostatic hyperplasia (BPH) ခေါ်တဲ့ ယောက်ျား အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း အတွက်လဲ သုံးပါတယ်။

တခြားရောဂါတွေအတွက် တနေ့မှာ 5 mg ပေးတယ်။ ပန်းသေနေတာအတွက် 5, 20, 40 mg ပေးရတယ်။ တနေ့မှာ တခါသာသောက်ပါ။ လိင်ဆက်ဆံဘို့အချိန်ထက် ၃ဝ မိနစ်ကြိုတင်သောက်ပါ။ များသောအားဖြင့် ၃၆ နာရီအထိ ဆေးမသောက်တာထက် ပိုပြီး သန်မာနေတာတွေ့ရတယ်။

ဘေးထွက်-ဆိုးကျိုးတွေနဲ့ သတိထားစရာတွေ -
• မျက်နှာနီမြန်း (၁၃%)၊ သွေးတိုး (၃%)၊ နှလုံးခုန်မြန် (၂%)၊ နှလုံးကိုသက်ရောက်မှုများ၊ အးယုတ်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊
• Priapism ခေါ်တဲ့ ၄ နာရီအထိ ကျားလိင် အင်္ဂါသန်မာ နေတာကျ မသွားတာမျိုးလဲ တချို့မှာ ဖြစ်တတ် တယ်။
• ဆရာဝန်မညွှန်ဘဲ ဆေးကို တိုးမသောက်သင့်ပါ။
• တကယ်လို့ ခေါင်းမူးတာ၊ ရင်ပတ်နာလာတာ၊ သတိလစ်ချင်သလို ဖြစ်လာတာ။ မျက်စိအမြင်ဝေဝါး လာတာ၊ နာဲးမှာ ဝီဝီမြည်သံကြားလာတာ၊ နားကြားမကောင်းတာတွေ ဖြစ်လာရင် ဆေးကိုချက်ချင်းရပ်ပါ။ အရက်နဲ့တွဲမသောက်ရပါ။ သွေးတိုးကျဆေးသောက်နေရရင် ဆရာဝန်ပြောပါ။
• ဒီဆေးဟာ လိင်က တဆင့်ကူးစက် ရောဂါတွေကို အကာကွယ်မပေးပါ။ ကိုယ်ဝန် မရအောင်လဲ တား မပေးပါ။

ဒေါက်တာတင့်ဆွေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်