အယ်လ်ပါဆို သြဂုတ် ၃၀
အမေရိကန် ပြည်ထောင်စုမှ အမျိုးသား တစ်ဦးနှင့် မက္ကဆီကို နိုင်ငံမှ အမျိုးသမီး တစ်ဦးတို့သည် ၎င်းတို့၏ မင်္ဂလာပွဲအား အမေရိကန်နှင့် မက္ကဆီကို နိုင်ငံ အကြားရှိ နယ်စပ်တံတား တစ်စင်းပေါ်တွင် ကျင်းပခဲ့ကြကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ်ရှိ အက်ဂါ ဖယ်လ်ကွန်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ သတို့သမီး မာရီခရုဇ်ဗော်လ် ကာရာတို့ နှစ်ဦး၏ မင်္ဂလာ ပွဲအား တက္ကဆက် ပြည်နယ် အယ်လ်ပါဆို မြို့နှင့် မက္ကဆီကို ဂျာရက်ဇ် နယ်စပ်တို့ ကြားရှိ Pasodel Norte တံတားပေါ်တွင် သြဂုတ် ၂၇ရက်က ကျင်းပခဲ့ကြောင်း EI Paso Times သတင်းဌာနက ဖော်ပြခဲ့သည်။
သတို့သမီး ဖြစ်သူ မာရီခရုဇ်သည် လွန်ခဲ့သည့် ခုနစ်နှစ်က အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း၊ သူမ၏ အစ်မ ဖြစ်သူက နယ်စပ် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင် များအား လိမ်ညာပြောဆို ခဲ့မှုကြောင့် သူမအား အမေရိကန် နိုင်ငံ အတွင်းသို့ ၀င်ရောက်ခွင့်ကို အမေရိကန် အစိုးရက တားမြစ်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ဥပဒေ အရ နိုင်ငံခြားသားများ အနေဖြင့် နိုင်ငံသား ဖြစ်ကြောင်း၊ မှားယွင်းကြေညာ ခဲ့ပါက အမေရိကန် နိုင်ငံသို့ ၀င်ရောက်ခွင့်ကို ပိတ်ပင် ခံရမည် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ နယ်စပ် တံတားတွင် လက်ထပ်ပွဲ ကျင်းပရသည့် အကြောင်းအရင်းမှာ ရေမြေခြားပြီး ချစ်ကြသော ချစ်သူနှစ်ဦး အတွက် အမေရိကန်၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကြောင့် အခက် ကြုံရသည်ကို ပြသလို၍ ဖြစ်ကြောင်း၊ တစ်ပြည်သူ အတွက် အခက် ကြုံစေရုံသာ မက တစ်ပြည်သူကို ချစ်မိသည့် မိမိအတွက်လည်း ဒုက္ခရောက်ကြောင်း သတို့သား ဖြစ်သူက ပြောကြားခဲ့သည်။
မြ၀တီ
Time in Rangoon


0 comments:
Post a Comment