လော့စ်အိန်ဂျလိစ် သြဂုတ် ၃ဝ
ကမ္ဘာကျော် အဆိုတော် ကယ်လီကလာ့ခ်ဆန်က ဒစ်စနေး ရုပ်သံမင်းသမီး အဆိုတော် ဆလီနာဂိုမက်ဇ် သည်ကမ္ဘာတွင် အလှဆုံး မိန်းကလေးများအနက် တစ်ဦးအပါအဝင် ဖြစ်ကြောင်း ချီးကျူး ပြောဆိုခဲ့သည်။
ထို့အပြင် ဆလီနာသည် လှပပြီး ချစ်စရာကောင်းရုံသာမက ဆွဲဆောင်မှုရှိပြီး အထက်တန်းကျသော အလှကို ပိုင်ဆိုင်ထားကြောင်း ကလာ့ခ်ဆန်က သူမ၏ တွစ်တာဝက်ဘ်ဆိုက်တွင် ပြောကြားထားသည်။
ဆလီနာဂိုမက်ဇ်သည် သြဂုတ် ၂၅ ရက်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဘဂွတ်ကလင်းရှိ ဘာကလေ ခန်းမ၌ စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သော MTV ဂီတဗီဒီယို ဆုပေးပွဲ အခမ်းအနား၌ သူမ၏ Come and Get It တေးသီချင်းဖြင့် အကောင်းဆုံး ပေါ့ပ်ဗီဒီယိုဆုကို ရရှိခဲ့သည်။
မြ၀တီ
Time in Rangoon


0 comments:
Post a Comment