Saturday, August 31, 2013

ရန်ကုန် အဝေးသင်တက္ကသိုလ် နှင့် မန္တလေးအဝေးသင် တက္ကသိုလ် တို့၏ အနီးကပ်ပို့ချ သင်တန်းနှင့် အတန်းတင် စာမေးပွဲ ကျင်းပမည့် အချိန်ဇယားထုတ်ပြန်

Posted by drmyochit Saturday, August 31, 2013, under | 3 comments


ရန်ကုန် အဝေးသင် တက္ကသိုလ်နှင့်  မန္တလေးအဝေးသင် တက္ကသိုလ်တို့၏ အနီးကပ်ပို့ချ သင်တန်းနှင့် အတန်းတင်စာမေးပွဲ  ကျင်းပမည့် အချိန်ဇယား ထုတ်ပြန်ကြေညာသည်ဟု သတင်း ရရှိသည်။ ထုတ်ပြန် ထားချက် အရ သိပ္ပံအထူးပြု သင်တန်းသား အားလုံးသည်  အောက်တိုဘာလ ၃ ရက်မှ ၉ ရက်အထိ စာမေးပွဲ ဖြေဆိုရမည် ဖြစ်သည်။ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိက ဗေဒ၊ စိတ်ပညာ၊  အရှေ့တိုင်းပညာ၊ ဥပဒေ ပညာရပ် အထူးပြု သင်တန်းသားများသည် အောက်တိုဘာလ ၁၂ ရက်မှ  ၂၂ ရက်ထိ အနီးကပ် သင်တန်း တက်ရောက်ရမည် ဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်မှ  နိုဝင်ဘာလ ၁ ရက်ထိ စာမေးပွဲ ဖြေဆို ရမည် ဖြစ်သည်။ မြန်မာစာ၊ မြန်မာမှု ရသစာပေ၊ သမိုင်း၊ စီးပွားရေးပညာ၊ ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွား၊ စီးပွားစီမံ စသည့် အထူး ပြု သင်တန်းသားများသည် နိုဝင်ဘာလ ၆ ရက်မှ ၁၅ ရက် အထိ အနီးကပ် သင်တန်း တက်ရောက်ရမည် ဖြစ်ပြီး  နိုဝင်ဘာ  ၁၈  ရက်မှ ၂၅ ရက်အထိ စာမေးပွဲ ဖြေဆို ရမည်ဟု ကြေညာ ထားသည်။

“စာမေးပွဲ အချိန်ကတော့ ပုံမှန်အတိုင်းပါပဲ။ အချိန်စာရင်း မထွက်ခင်ကတည်းက နှစ်တိုင်း ဒီအချိန် ပိုင်းလောက် ပဲ ဖြေရတာဆိုတော့ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ အဝေးသင် စာမေးပွဲ အတွက် ကျောင်းကသင်တာအပြင် အထူးထုတ်တွေ ဖတ်ရသလို၊ နှစ်ဝက်မှာ ဖြေပြီး တင်ရတဲ့ Assigment တွေထဲကလည်း မေးတတ်တော့ ဒီအတွက်လည်း ပြင်ဆင်ထားရပါတယ်” ဟု သိပ္ပံ အထူးပြုဖြင့် အဝေးသင် တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသားတစ်ဦးက ပြောသည်။

သင်ကြားမည့် အချိန်နှင့် စာမေးပွဲ ဖြေဆိုရမည့် ဘာသာရပ်အသေးစိတ်ကို ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်၏ ဌာနခွဲ အသီးသီးတို့ တွင် လည်းကောင်း၊ မန္တလေး အဝေးသင် တက္ကသိုလ် နှင့် မန္တလေးအဝေးသင် တက္ကသိုလ်ဌာနခွဲ အသီးသီးတို့တွင်  ထုတ်ပြန် ကြေညာပေးသွားမည်ဟု သိရသည်။

ကိုဟိန်း
အတွဲ (၁၄)၊ အမှတ် (၃၃)
Internet Journal

3 comments:

ကူညီပေးပါ စီးပွားစီမံ နောက်ဆုံးနှစ်အတွက်ဖြေဆိုရမယ့်ဘာသာရပ်လေးတွေသိချင်လို့ပါ ကျွန်မဖြေခဲ့တာကြာပြီဆိုတော့ မေ့သွားလို့ပါရှင့်

ရန်ကုန်အဝေးသင်တက္ကသိုလ်လိပ်စာသိချင်ပါတယ်

ဘွဲ့လက်မှတ်ထုတ်ချင်လို့ပါ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်