Saturday, August 31, 2013

ဆီးရီးယားဓာတုလက်နက်စုံစမ်းမှုပြီးစီး၊ ကုလသမဂ္ဂကျွမ်းကျင်သူများ လက်ဘနွန်သို့ ဆက်လက်စုံစမ်း

Posted by drmyochit Saturday, August 31, 2013, under | No comments


ချက်တူရာ၊ လက်ဘနွန်၊ သြဂုတ် ၃၁။

ဒမတ်စကတ်စ်အနီး ဓာတုလက်နက်များသုံးစွဲခဲ့ကြောင်း သံသယရှိသည့် တိုက်ခိုက်မှုတစ်ခုကို စုံစမ်းမှုပြီးဆုံးပြီးနောက် ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့သည် ဆီးရီးယားမှ နယ်စပ်ကိုဖြတ်ကာ လက်ဘနွန်သို့ ယနေ့ဝင်ရောက်သွားကြကြောင်း သိရသည်။

ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့သည် လက်ဘနွန်လုံခြုံရေးတပ်ခြံရံကာ နယ်စပ်မှတဆင့် လက်ဘနွန်နိုင်ငံတွင်းသို့ ဝင်ရောက်သွားကြပြီး ၎င်းအဖွဲ့တွင် စုံစမ်းရေးအရာရှိ ၁၃ ဦးပါဝင်ကာ ဆီးရီးယားအစိုးရက ပြည်သူများအား ဓာတုလက်နက်များသုံးတိုက်ခိုက်ခဲ့ကြောင်းစွပ်စွဲမှုကို စုံစမ်းခဲ့ကြခြင်းဖြစ်သည်။

ကုလသမဂ္ဂလက်နက်ဖယ်ရှားရေးသံတမန် အန်ဂျလာကိန်းသည် ကုလသမဂ္ဂကျွမ်းကျင်သူများနှင့်ဆီးရီးယားသို့ လိုက်ပါခဲ့ပြီး ယနေ့တွင် ဖြစ်စဉ်ကို အထွေထွေအတွင်းရေးမှူးထံ အစီရင်ခံမည်ဖြစ်သည်။

ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့သည် ဆီးရီးယားပြည်တွင်းစစ်တွင် ဓာတုလက်နက်သုံးစွဲ/မစွဲကို မြန်ဆန်စွာ အစီရင်ခံစာတင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရပုဂ္ဂိုလမာတင်နက်ဆာကီက ပြောကြားသည်။

“အဖွဲ့ဟာ သက်သေတွေ၊နမူနာတွေစုဆောင်းတာလုပ်ပြီးသွားပါပြီ” ဟု နက်ဆာကီက သတင်းထောက်များကို ပြောကြားပြီး ကျွမ်းကျင်သူများရေးသားသည့် အဆုံးသတ်အစီရင်ခံစာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသို့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကုလသမဂ္ဂကျွမ်းကျင်သူများ လက်ဘနွန်သို့ ဆက်လက် ထွက်ခွာမှုသည် ဆီးရီးယားအစိုးရကို နိုင်ငံတကာမှ ဝင်ရောက်တိုက်ခိုက်ဖွယ် မျှော်လင့်ချက်များကို မြင့်မားလာစေသည်။

အမေရိကန်သမ္မတက ဆီးရီးယားနှင့်ပတ်သက်၍ ကန့်သတ်ပြီး ကျဉ်းမြောင်းသော လုပ်ဆောင်ချက်များ ချိန်ဆနေကြောင်း ကမ္ဘာကြီးအနေနှင့်လည်း ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးများရာပေါင်းများစွာ သေဆုံးခဲ့ရခြင်းအတွက်လည်း တုံ့ပြန်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း တိုက်တွန်းပြောကြားသည်။

ဆီးရီးယားအစိုးရအား စစ်တိုက်ရန် အဆုံးသတ်ဆုံးဖြတ်ချက်မချရသေးကြောင်း ပြောကြားသော်လည်း တိုက်ခိုက်မှုတစ်ခုဖြစ်လာမည်ဟု အိုဘားမားက ပြောကြားထားသည်။

ပြင်သစ်သမ္မတဖရန်ဆွာ ဟော်လန်ဒီက ဆီးရီးယားကို စစ်ထိုးခြင်းသည် ဗုဒ္ဒဟုးနေ့တွင် ဖြစ်နိုင်ကြောင်းနှင့် ဗြိတိန် ရုတ်တရက်မပါဝင်တော့ခြင်းသည် ပြင်သစ်အစိုးရ၏ ရပ်တည်ချက်ကို သက်ရောက်မည် မဟုတ်ကြောင်းလည်း ပြောကြားသည်။

“ပြင်သစ်ဟာ ဆီးရီးယားအစိုးရကို ခိုင်မာပြီးသင့်တော်တဲ့လုပ်ဆောင်မှုတစ်ခုလုပ်ချင်ပါတယ်” ဟု ပြင်သစ်သမ္မတဖရန်ဆွာက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

ဝါရှင်တန်အစိုးရက ကလေးများ အပါအဝင် လူပေါင်း ၁၄၂၉ ဦးသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရကြောင်း ပြောကြားသည်။

Ref:AFP
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်