Thursday, June 05, 2014

အဓိပတိမာကယ်၏ဖုန်း အမေရိကန် ခိုးနားထောင်မှု ဂျာမနီ စတင်စုံစမ်းစစ်ဆေး

Posted by drmyochit Thursday, June 05, 2014, under | No comments


ဂျာမနီအဓိပတိ မစ္စစ်အန်ဂျလာမာကယ် ၏လက်ကိုင်ဖုန်းကို  အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီက စောင့်ကြည့်ခဲ့သည်ဆိုခြင်းအပေါ် ဂျာမနီအစိုးရရှေ့နေများက စုံစမ်းစစ်ဆေးမှု စတင်လိုက်သည်ဟု အရာရှိများက ဗုဒ္ဓဟူးနေ့ကပြောကြားသည်။

ယခုလုပ်ရပ်ကြောင့် မဟာမိတ်နှစ်နိုင်ငံကြား သံတမန်ရေးဆက်ဆံမှုကို ထပ်မံရှုပ်ထွေးစေနိုင်သည်ဟု အေပီသတင်းကဖော်ပြပြီး စုံစမ်းစစ်ဆေးမှုကြောင့် အမေရိကန်နိုင်ငံသားများအား ဖမ်းဆီးနိုင် ခြေရှိမည်လားဆိုသည်မှာ မရှင်းလင်းသေးဟုလည်း အေပီကဖော်ပြသည်။

NSA ၏သတင်းများပေါက်ကြားစေခဲ့သူ အက်ဒဝပ်စနိုးဒန်ကအောက်တိုဘာလတွင်ဖော်ထုတ်ခဲ့သော စာရွက်စာတမ်းများအရ အမေရိကန်နိုင်ငံသည် မစ္စစ်မာကယ်၏ လက်ကိုင်ဖုန်းစကားပြော  ဆိုမှုများနှင့် အခြားနိုင်ငံခြားခေါင်းဆောင် ၃၅ ဦးကိုလည်း စောင့်ကြည့်နေခဲ့သည်ဟုပါရှိသည်။ ယင်းအတွက် မစ္စစ်မာကယ်လ်က ဒေါသဖြစ်ရကြောင်း ပြောကြားပြီး ဝါရှင်တန်အပေါ် လေးနက် သောယုံကြည်မှု ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။

တရားဝင်စုံစမ်းစစ်ဆေးမှု  ဖွင့်လှစ်ရေးလပေါင်းများစွာ စဉ်းစားနေခဲ့ပြီးနောက် အဓိပတိအန်ဂျလာမာကယ်၏လက်ကိုင်ဖုန်းကို အမေရိကန်ထောက်လှမ်းရေးဌာနမှ မည်သူမည်ဝါ မသိသေးသော ပုဂ္ဂိုလ်များက ထောက်လှမ်းနေခဲ့ကြောင်း ပြည့်စုံသောအချက်အလက်အထောက်အထားရှိသည်ဟု ဖက်ဒရယ် ရှေ့နေချုပ် ဟာရယ်ရန့်ခ်ျ ကဆုံးဖြတ်ခဲ့သည်ဟု ၎င်း၏ရုံးကပြောကြားသည်။

‘‘နိုင်ငံခြားထောက်လှမ်းရေးဌာန လျှို့ဝှက်အေးဂျင့်တွေလှုပ်ရှားတာဟာ ဂျာမနီနိုင်ငံမှာ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒီနေရာမှာလည်း မိတ်ဆွေတစ်ယောက်ရဲ့ထောက်လှမ်းရေးအေဂျင်စီလား၊ တခြားနိုင်ငံကလား ဆိုတဲ့အပေါ်မူတည်မနေပါဘူး’’ဟု ဂျာမနီအစိုးရရှေ့နေချုပ်ကစုံစမ်းစစ်ဆေးမှုပြုလုပ်ရေး ဆုံးဖြတ်ချက်ကို ကြေညာပြီးနောက် သတင်းထောက်များအားပြောကြားသည်။

စုံစမ်းစစ်ဆေးမှု၏ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ မစ္စတာဟာရယ်ရန့်ခ်ျက မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့သည်။

Ref: AP
7 Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်