Western Digital ဟု အမည်ရသော အီလက်ထရွန်နစ်လုပ်ငန်းမှ ယခင်ထုတ်လုပ်ရောင်းချပြီးဖြစ်သည့် ၎င်းစက်မော် ဒယ်များ ရှိခဲ့သော်လည်း ယခုထပ်မံထုတ်လုပ်သည့် စက်မှာ ယခင်မော်ဒယ် အဟောင်း များနှင့် မတူဘဲ ပိုမိုဆန်းသစ် ကောင်းမွန်သော နည်းပညာအသစ်များဖြင့် ဈေးကွက်ကို ထပ်မံ ကိုင်လှုပ် ဦးမည်ဟု သိရှိရသည်။ အားလပ်ရက်များတွင် နေအိမ်ရှိ ရုပ်မြင်သံကြားစက်ဖြင့်ပင် အင်တာနက် စာမျက်နှာများပေါ်ရှိ ဖျော်ဖြေရေး ရုပ်သံများကို အလွယ်တကူ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်သည်။ ဈေးနှုန်း အားဖြင့် သက်သာလွန်းလှပြီး အသုံးဝင်မှုများမှာ ယခင်ထုတ်လုပ်ထားသော စက်များနှင့်မတူဘဲ ထူးခြားကောင်း မွန်မည် ဖြစ်သောကြောင့် သူ၏ ပရိတ်သတ်များသည် ဈေးကွက်အတွင်း ရောက်ရှိမည့် အချိန် ကို စောင့်မျှော်လျက် ရှိနေကြောင်း ပြည်နယ် ပြန်ကြားရေး မီဒီယာများမှတစ်ဆင့် သိရသည်။
ယခင်ကဲ့သို့ ဖျော်ဖြေရေး ရုပ်သံများကို အခြားအပို တပ်ဆင်ကြည့်ရှုရသော စက်များဖြစ်သည့် DVD, EVD အစရှိသည့် စက်များနေရာတွင် အစားထိုး တပ်ဆင်ကာ CD, DVD ထည့်သွင်းကြည့်ရှုရန် မလိုအပ်တော့ဘဲ SD Card, Memory Card အစရှိသည့် ခေတ်မီ မှတ်ဥာဏ်ကတ်များဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။
ကြိုးမဲ့စနစ် ချိတ်ဆက်မှု ပါဝင်ပြီး ရုပ်သံကြည်လင် ပြတ်သားမှုမှာ (HD-High Definition) အဆင့် အရည် အသွေး ရှိသည်ဟု သိရသည်။ အဆင့်မြင့် ဖုန်းများနှင့်လည်း ချိတ်ဆက်ကာ ထိန်းချုပ်စေခိုင်းသည့် ခလုတ် Remote သဖွယ် အသုံးပြုနိုင်ရန် ဖန်တီး ထုတ်လုပ်သွားမည်ဟု သိရသည်။ အင်တာနက်လိုင်းပေါ်ရှိ ဖျော်ဖြေရေး ရုပ်သံများကို သာမကဘဲ သတင်း စာမျက်နှာများနှင့် လူမှုကွန်ရက် စာမျက်နှာများကိုပါ အဆိုပါ စက်ဖြင့် ချိတ်ဆက်ကာ အလွယ်တကူ ဖမ်းယူ ကြည့်ရှုနိုင်မည် ဖြစ်သည်။ ဈေးနှုန်းအားဖြင့် အမေရိ ကန်ဒေါ်လာ ၄၅ ဒေါ်လာနှင့် ၆၅ ဒေါ်လာ အတွင်းသာ ရှိသောကြောင့် များစွာကုန်ကျမှုမရှိဘဲ အားလပ်ချိန် အပန်းဖြေနိုင် မှုမှာ ပေးရသည့် တန်ဖိုးထက်ပင် ပိုမိုပြန်ရရှိနိုင်ကြောင်း ပရိသတ်အချို့၏ စာမျက်နှာအတွင်း ရေးသားမှုများကိုလည်း တွေ့ရှိရသည်။ မည်သည့် လစဉ်ကြေး၊ နှစ်စဉ်ကြေးမှ မရှိဘဲ အင်တာနက်လိုင်း ရှိရုံမျှဖြင့် ဖျော်ဖြေရေး ရုပ်သံများကို ကြိုးမဲ့စနစ် ပါဝင်သော ၎င်းစက်အား ရုပ်မြင်သံကြားစက်တွင် တပ်ဆင်အသုံးပြု၍ ဖမ်းယူကြည့်ရှုနိုင်မည်ဟု သိရသည်။
တပ်ဆင်ထားရှိမှု နေရာများစွာ မလိုအပ်ဘဲ သေးငယ်ပေါ့ပါးပြီး ဒီဇိုင်းပိုင်း သပ်ရပ်ကာ တန်ဖိုး အနည်းငယ် မျှဖြင့် အားလပ်ချိန်များ ကုန်ဆုံးနိုင်တော့မည် ဖြစ်သည်ဟု ယခင်မော်ဒယ်အဟောင်းစက်များ အသုံးပြုဖူးသူ ပရိသတ် များ၏ ပြောဆိုမှုများကိုလည်း တွေ့ရှိရသည်။ ကွန်ပျူတာတစ်လုံးဖြင့် အင်တာနက် သုံးနေ ရသည်နှင့် အနီးစပ်ဆုံး ရုပ်မြင်သံကြားစက်ဖြင့် အသုံးပြု၍ ရနိုင်ရန်လည်း ထည့်သွင်း ဖန်တီးထားသည်ဟု သိရ သည်။ ယနေ့ ဈေးကွက်အတွင်းရှိ အဆင့်မြင့် ရုပ်မြင်သံကြားစက် Smart TV များနှင့်မခြား ၎င်း ဖမ်းယူကြည့် ရှုစက် တပ်ဆင်နိုင်သော ရုပ်မြင်သံကြား စက်များသည်လည်း အလွယ်တကူ ကြည့်ရှုနိုင် မည်ဖြစ်သည်။ တပ်ဆင်မှု လွယ်ကူစေရန် ရုပ်မြင်သံကြားစက်တွင် ပါဝင်သော ဆက်သွယ်မှု ကြိုးပေါက် များနှင့် အလွယ်တကူ ချိတ်ဆက် နိုင်စေရန်လည်း ထည့်သွင်း ဖန်တီးထားသည်ဟု သိရသည်။ အဆင့်မြင့်ဖျော်ဖြေရေး ရုပ်သံလိုင်းများကို အင်တာနက်လိုင်း ရရှိသည့် မည်သည့်နေရာတွင်မဆို ရှာဖွေ ဖမ်းယူနေ ရန် မလိုအပ်ဘဲ တပ်ဆင်ချိတ်ဆက်မှု ပြုလုပ်ရုံဖြင့် ရုပ်မြင်သံကြားစက်များတွင် ဖမ်းယူကြည့် ရှုနိုင်သည် ဟု အဆိုပါ လုပ်ငန်းစာမျက်နှာတွင် တွေ့ရှိရသည်။
ခေတ်လူငယ်
Time in Rangoon


0 comments:
Post a Comment