Wednesday, September 25, 2013

ကင်ညာရှော့ပင်းစင်တာ အကြမ်းဖက်မှု ပြီးဆုံးပြီ

Posted by drmyochit Wednesday, September 25, 2013, under | No comments

ရှော့ပင်းဈေးဆိုင်တိုက် အပြင်မှာ အသင့်နေရာ ယူထားကြတဲ့ ကင်ညာစစ်သားများ (Credit: AFP)

အာဖရှိကတိုက်ရှိ ကင်ညာနိုင်ငံရဲ့ မြို့တော် Nairobi မြို့က ရှော့ပင်းဈေးဆိုင်မှာ Al Shabab အကြမ်း ဖက်တွေရဲ့ အနုကြမ်း စီးမှုဟာ ၄ ရက်မြောက်နေ့မှာ ပြီးဆုံးသွားပြီဖြစ်တဲ့အကြောင်း ကင်ညာနိုင်ငံသမ္မတ Uhuru Kenyatta က ကြေညာခဲ့ပါတယ်။

၎ ရက်ကြာ အနုကြမ်းစီးမှုအတွင်း လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပြီး ရှော့ပင်းစင်တာထဲမှာ နံရံတွေ ပြိုကျ ခဲ့တဲ့ အတွက် ပျောက်ဆုံးနေသူ အမြောက်အများ ရှိသေးတယ်လို့ သိရပါတယ်။

ရှော့ပင်းစင်တာမှာ စစ်သား ၁၁ ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံအရောက်မှာတော့ သုံးဦး ကျဆုံးသွားပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း အကြမ်းဖက်သမား ၅ ဦး ပစ်သတ် ခံခဲ့ရပြီး ၁၁ ဦး ဖမ်းဆီးထားပြီလို့ သိရပါတယ်။

လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရပြီး ဆေးရုံတင်ထားရပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်ဖို့ Al Shabab စစ်သွေးကြွတွေက ပြီးခဲ့တဲ့ တစ်နှစ်ကတည်းက ရှော့ပင်း စင်တာ အနီးမှာ ရှိတဲ့ နေအိမ်တစ်အိမ်မှာ အိမ်ဌားနေပြီး စတင်ကြံစည်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေဟာ နိုင်ငံအတော်များများက ဖြစ်ကြပြီး ဆိုမားလီးယားနိုင်ငံမှာ ကင်ညာစစ်တပ်တွေ တပ်ချထား မှုကို ရုတ်သိမ်းပေးဖို့ တောင်းဆိုမှု ရှိခဲ့တယ်လို့ သိရပါတယ်။

Al Shabab စစ်သွေးကြွတွေရဲ့ ကွန်ယက်ဟာ နိုင်ငံတကာ အဆင့် ပါဝင်ဆက်နွယ်မှုတွေ ရှိတယ်လို့ ဆိုပါ တယ်။

သေဆုံးသူတွေထဲမှာ ဆယ်ကျော်သက် အမေရိကန်နိုင်ငံသား ၃ ဦး၊ ဗြိတိသျှနိုင်ငံသား ၂ ဦးအပါအဝင် သြ စတြေး လျနိုင်ငံသား တစ်ဦးလည်း ပါဝင်ပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်