ရန်ကုန်၊ စက်တင်ဘာ ၂၄
တပ်မတော်မှ အရာရှိ တစ်ဦး ကချင် တွင် အသတ်ခံရမှုနှင့်ပတ်သက်၍ ကေ အိုင်အိုဘက်မှ စုံစမ်းပြီး ဟုတ် မဟုတ် မကြာမီ အကြောင်းပြန်မည်ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ လလယ်က ကေအိုင်အို နည်းပညာအထောက်အကူ ပြုအဖွဲ့နှင့် MPC နည်းပညာအထောက် အကူပြုအဖွဲ့တို့အကြား တွေ့ဆုံခဲ့ပြီး နောက် ယခုကဲ့သို့စုံစမ်းပြီး အကြောင်း ပြန်မည်ဟု တပ်မတော်သို့ အကြောင်း ကြားထားခြင်း ဖြစ်သည်။
”ဒါက ကောင်းတဲ့ တုံ့ပြန်မှုပါ”ဟု ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာ ရှိတစ်ဦးက ပြောသည်။
ထို့အပြင် ၄င်းကိစ္စသာမကနောက် နောင်တွင် ထိုသို့ မဖြစ်ကြရန်လည်း နှစ် ဖက်တပ်မှူးတို့ ထိန်းထိန်းသိမ်းသိမ်းလုပ် ကိုင်သွားရန်လည်း သဘောတူညီမှုအချို့ ရှိခဲ့သည်ဟု ၄င်းထံမှ ထပ်မံသိရသည်။
”စစ်ပွဲနဲ့ရာဇဝတ်မှုဆိုတာက ပြည် တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ ဆုံးဖြတ်ရ ခက်ပါတယ်”ဟု ၄င်းက သုံးသပ်သည်။
သြဂုတ်လ ၂၈ ရက်နေ့က နှစ် ဖက်တပ်များ ထိတွေ့ခဲ့ကြရာမှတစ်ဆင့် မြန်မာစစ်တပ်အရာရှိ ခေါင်းဖြတ်ခံရ ကာသေဆုံးခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး သမ္မတရုံးမှ ယင်းကိစ္စကို ဖြေရှင်းပေးရန် ကေအိုင်အိုဘက်သို့လည်း တောင်းဆိုခဲ့ သည်။
ကေအိုင်အိုပြောခွင့်ရပုဂ္ဂိုလ် ဦးလ နန်ကမူ တပ်မတော်သား ကျဆုံးသွားမှု ကိုအတည်ပြုထားခဲ့သော်လည်း ၄င်းတို့ ခေါင်းဖြတ်၍မသတ်ဟု မီဒီယာများသို့ ဖြေကြား ခဲ့သည်။
From: Popular Myanmar News Journal
Time in Rangoon


0 comments:
Post a Comment