Wednesday, September 25, 2013

ရှစ်ဆယ့်ရှစ် နှင့် ဒေါ်စု ဥပက္ခာပြုထားသော ရခိုင်လူထုအား သူရဦးရွှေမန်း သွားရောက်တွေ့ဆုံမည်

Posted by drmyochit Wednesday, September 25, 2013, under | No comments


ရခိုင်လူထုနှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတွေ့ဆုံပွဲကို ယခုလ ၂၉ ရက်နေ့တွင် ရန်ကုန် ၌ ကျင်းပမည်ဖြစ်သည်။

ထိုတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်မှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် ၃ဦးစီ၊ ရခိုင်တိုင်း ရင်းသား ၀န်ကြီး ၊ ဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီကိုယ်စားလှယ်များ တတ်ရောက်မည် ဟုသိရ သည်။

ထိုတွေ့ဆုံပွဲတွင် ဒေသဖွံ့ဖြိုးမှုအတွက် ရံပုံငွေကိစ္စ၊ တိုင်းရင်းသားဥပဒေကိစ္စများကို ဆွေးနွေးရန်ရှိကြောင်း ထိုတွေ့ဆုံပွဲသို့တတ်ရောက်မည့် ဒေသကိုယ်စားလှယ်များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က တွေ့ဆုံပွဲသည် သာမန်တွေ့ဆုံပွဲသာဖြစ်ပြီး သူရဦးရွှေမန်း ရခိုင်ပြည်နယ်သို့ မလာဖြစ်သည့်အတွက် ရန်ကုန်တွင်ပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောသည်။

MyanmarExpress

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်