Wednesday, September 25, 2013

ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာရပ်ကွက် လုပ်ပေးမည်

Posted by drmyochit Wednesday, September 25, 2013, under | No comments

ထိုင်းနိုင်ငံမှာ တရုတ်ရပ်ကွက် China town၊ ကိုရီးယားရပ်ကွက် Korea Town ရှိသလို မြန်မာ အများ စုနေထိုင် တဲ့ မဟာချိုင်မှာ မြန်မာရပ်ကွက် Myanmar Town လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ထိုင်း-မြန်မာ လွှတ်တော် ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ မစ္စတာ Alongkorn Ponlaboot က ပြောပါတယ်။

မဟာချိုင်ဒေသရှိ ငါးလုပ်ငန်းခွင်တခု

ထိုင်းနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ စက်တင်ဘာ ၂၄ ရက်နေ့ က တွေ့ဆုံချိန် သူက ခုလို ပြောလိုက် တာလို့ ဒီကေန့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်း စာမှာ ဖော်ပြပါတယ်။

အဲဒီ မြန်မာရပ်ကွက် စီမံကိန်းမှာ မြန်မာ အစားအစာ အရောင်းပြခန်း၊ ရိုးရာလက်မှုပစ္စည်း အေရာင်းပြခန်း၊ မြန်မာကားပြမယ့် ရုပ်ရှင်ရုံ၊ မြန်မာပြည်ကို ငွေလွှဲနိုင်မယ့် ဘဏ် စတာတွေကို စုံစုံလင်လင် ထည့်သွင်းသွားမယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား သန်းနဲ့ချီ နေထိုင်အလုပ်လုပ်ကိုင်နေပြီး ရေလုပ်ငန်းတွေရှိတဲ့ မဟာချိုင် အရပ်မှာတော့ အေရအတွက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

From: DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်