မြန်မာနိုင်ငံအတွင်းက ဆင်းရဲမွဲတေမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘိန်းစိုက်ပျိုးမှုတွေနဲ့ မူး ယစ်ဆေး မှောင်ခိုကုန်ကူးမှုတွေပိုမို များပြားလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲချုပ် ဇော်ဝင်းက အရှေ့တောင် အာရှ အာဆီယံ နိုင်ငံများအသင်း ၃၄ ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲမှာ ပြောသွား ခဲ့ပါ တယ်။
ဒီလို ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ ရော့ကျ ပပျောက် သွားဖို့ အတွက်နဲ့ ဒေသထဲမှာရှိတဲ့ လူတွေ ဆင်းရဲ မွဲတေမှု လျော့ချရေးနဲ့ လူမှုအဆင့်တန်း မြင့်တင်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး မြင့်တင် ပေးဖို့အတွက် ရည် ရွယ်ပြီးတော့ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးမှု အစီအစဉ်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ထိုင်းနိုင်ငံ တရုတ်နိုင်ငံနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု နှိမ်နှင်းရေးအဖွဲ့နဲ့ ပူးတွဲ လုပ်ဆောင်နေ တယ်လို့ လည်း ရဲချုပ် ဇော်ဝင်းကပြောပါတယ်။
အဲ့ဒါအပြင် လွန်ခဲ့တဲ့ ခြောက်နှစ်က စပြီးတော့ amphetamine ခေါ် စိတ်ကြွဆေးပြား မှောင်ခိုကုန်ကူးမှုတွေ ပိုမိုတိုးလာတဲ့အကြောင်း၊ များသောအားဖြင့် အိန္ဒိယနယ်စပ်ကနေ ၀င်လာတာဖြစ်တဲ့အကြောင်း ရဲချုပ် ဇော်ဝင်းကပြောပါတယ်။ မူးယစ်ဆေးမှောင်ခို ကုန်ကူးမှုတွေကို ဖမ်းဆိးနှိမ်နှင်းနိုင်ဖို့ အတွက် အိန္ဒိယနိုင်ငံ ပူးပေါင်း ပြီးတော့ နယ်စပ်ဒေသမှာ စစ်ဆေးရေး ဂိတ်တွေပိုမို ချထားတယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေမှာ မူးယစ်ဆေးဝါးလုံးဝပပျောက်ရေးအတွက် ချမှတ်ထား တဲ့ သတ်မှတ်ချိန်ဟာ ၂နှစ်သာ ကျန်တော့တဲ့အတွက် ဒေသတွင်းစီမံကိန်းအတွက် ရရှိတဲ့ အချက် အ လက်တွေ ကို အာဆီယံနိုင်ငံတွေအနေနဲ့ မျှဝေကြဖို့နဲ့ တရားဥပဒေ စိုးမိုးရေးကဏ္ဍမှာ ပိုမိုတိုးချဲ့ ပူးပေါင်း လုပ်ဆောင် ဖို့ ရဲချုပ် ဇော်ဝင်းက အာဆီယံနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
အာဆီယံ ဖွဲ့ဝင်နိုင်ငံတွေ ထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလိပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။
ABC Radio Australia
0 comments:
Post a Comment