Wednesday, September 25, 2013

ကိုယ်က တစ်အိတ် မဖြစ်ဖို့ လိုတာပေါ့ .. ဆိုတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

Posted by drmyochit Wednesday, September 25, 2013, under | No comments


ဗီင်္ဒီယိုကားများ ထဲတွင် သရုပ်သစ် များစွာကို လက်တွဲ ခေါ်ယူလျက် ပရိသတ်ရဲ့ ရင်ထဲမှာ နေရာ တစ်နေ ရာ ရှိခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ က ပရိသတ်တွေ အတွက် သရုပ်ဆောင် အလုပ်ကို ကြိုးစားလျက် ရှိကြောင်း သိရသည်။

ဆက်လက်၍ သူမ ပတ်ဝန်းကျင် မှာ ကြုံတွေ့ နေရတဲ့ လူတွေ ပြောနေ ကြတဲ့ ကောလာဟလ ကို '' လူတွေ က တော့ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ပြောကြာတာပေါ့ ၊ တစ်စိတ် မရှိရင် တော့ တစ်အိတ် ဆို တာ ဖြစ်မလာပါဘူး ၊ တစ်စိတ် မဖြစ်အောင် တော့ ဂရုစိုက် နေရမှာပေါ့ .. .. '' ဟု ပြောကြားခဲ့သည်။

လက်ရှိ ရိုက်နေရတဲ့ ကာရိုက်တာ လေးတွေနဲ့ ပတ်သက်လို့ လည်း '' မင်းသမီး နှစ်ယောက် အပြိုင် သရုပ်ဆောင် ရတဲ့ ကဏ္ဍလေးတွေ ပါဝင်ရတာ ကောင်းပါတယ် ၊ ဇာတ်လမ်းလေး တွေလည်း ကောင်းတယ် ၊ တက် ညီ လက်ညီလည်း ရှိတော့ ပိုကောင်း တာပေါ့ .... " ဟု ဆိုသည်။

'' အစ်မအနေ နဲ့ မှန်းထားတဲ့ နေရာ ကတော့ မရောက်သေး ပါဘူး ၊ ပိုကောင်းတဲ့ နေရာ ရောက်ချင်တာ ပေါ့ ၊ ဒါကြောင့် ပိုကြိုးစား ရဦးမှာပါ။ အဓိက ကတော့ ကိုယ်ကြိုးစား မှ ကိုယ်ရမှာပေါ့ ... " ဟု သူမရဲ့ ပရိသတ်တွေ အတွက် ကိုလည်း " အစ်မကို ချစ်တဲ့ ပရိသတ်ကြီးကို အစ်မလည်း ချစ်ပါတယ်။ ဒီနေ့ ဒီအချိန်ထိ အစ်မကို ပြန်ပြီး လက်ခံပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ကြောင်း .... " သူမက ပြောကြားခဲ့သည်။

The Myawady Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်