Tuesday, August 27, 2013

ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာ ရောရောင်းသူ များကို အရေး ယူမည်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် ၂၆ ။         ။ ဈေးကွက် အတွင်း ရောင်းချ နေသော ငါးပိ များတွင် ယူရီးယား ဓာတ်မြေဩဇာများ အသုံးပြုကာ မမှန်မကန် ပြုလုပ်၍ ရောင်းချသော လုပ်ငန်းရှင် များအား အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။ ဩဂုတ်၂၆ ရက်က မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေးရုံး ခန်း၌ပြုလုပ်သော ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်များ အသင်းဖြစ်မြောက်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်မှု များပြု လုပ်သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဌ ဦးဗအုပ်ခိုင်က ပြောသည်။ ယင်းက ''ရန်ကုန် ဈေးကွက် ထဲက ငါးပျိတွနဲ့ ဧရာဝတီတိုင်း ဒေသကြီးက ငါးပိတွေကို တစ်ပတ် အတွင်း စစ်ဆေး မှုများပြုလုပ် သွားမှာပါ'' ဟုပြောသည်။

ငါးပိရည် များကို အဓိက ထုတ်လုပ်သော နေရာမှာ လေးဒေါင့်ကန်၊ ပဲခူးနှင့် ကျိုက်ထိုတို့ ဖြစ်သော်လည်း ဧရာဝတီတိုင်းမှ ငါးပိများမှာ ဓာတ်မြေဩဇာအ ရောအနှောများ ပါဝင်ကြောင်း သတင်း ရရှိမှု များကြောင့် ဧရာဝတီတိုင်းရှိ ငါးပိများ ကိုလည်း စစ် ဆေးမှုများ ပြုလုပ် သွားပြီး အမျိုးသား အစား အသောက် ဥပဒေဖြင့် လည်းအရေးယူ မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။ ယင်းသို့ ပြုလုပ်သူ များကို အရည် အသွေးကောင်းအောင် နှင့် ဓာတ်မြေဩဇာများ မထည့်အောင် ပညာပေး အနေဖြင့် ပထ မဆုံးပြုလုပ် သွားမည် ဖြစ်ပြီး ပညာပေး ကာလ ပြီးဆုံး သွားပါက  FDA  နဲ့ ပူးပေါင်းပြီး အရေးယူမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်လုပ် ငန်းရှင်များ အသင်း ဖြစ်မြောက် ရေး ကော်မတီဖွဲ့မှ ဥက္ကဌဦးစိုးဝင်း နိုင်က ပြောသည်။

ယင်းက ''ရန်ကုန်မှာ ရှိတဲ့ ငါး ပိတွေကိုတော့ အချိန်မ ရွေး စစ် ဆေးလို့ရပါတယ်။ တကယ်လို့ ယူရီးယား ပါတယ်ဆိုရင် အရေးယူ မှုများ ပြုလုပ်နိုင်ပါတယ်''ဟု ပြော သည်။ ယင်းသို့ ငါးပိရည်ချို အတွင်း ယူရီးယား ဓာတ်မြေဩဇာများ ထည့်၍ သိပ်ခြင်းကြောင့်လည်း ငါးပိမှာ ပိုမို ရောင်းချ ရခြင်း ရှိမည် မဟုတ်ကြောင်းနှင့် ငါးပိမှာ အကောင် ပြပြီး ရောင်းရ သောကြောင့် ယင်းသို့ ဓာတ်မြေဩဇာများ ထည့်ခြင်းဖြင့် အကောင်ျပျာက်ပြီး ဈေးကွက် အတွင်း ဝင်ရောက် နိုင်မည် မဟုတ်သော ကြောင့်ထည့်ကြမည် မဟုတ်ကြောင်း ယင်းက ဆက် လက်ပြောသည်။ ယင်းကဲ့သို့ စစ်ဆေး မှုများ ပြုလုပ်ရာတွင် ပြည်သူ လူထုများ ရွေးချယ်၍ စားသောက် နိုင်ရန် နှင့် ဝယ်ယူ စားသုံးသူ များအား အကာ အကွယ် ပေးနိုင်ရန်  ရည်ရွယ်ချက် များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ငါးပိ အတွင်း ဓာတ်မြေဩဇာများ ထည့်သွင်းသည် ဆိုသော သတင်းများကြောင့် ငါးပိရည်ချို ရောင်းချမှု များမှာ ငါးပုံ လေးပုံ လျော့ကျခြင်းများကြောင့် မှန်မှန် ကန်ကန် လုပ်သော လုပ်ငန်းရှင် များမှာ နစ်နာ ရပြီး ယင်းကဲ့သို့ အဖွဲ့ အစည်းများ ပြုလုပ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရကြောင်း ရွှေမင်းသား ငါးပိ၊ ငါးခြောက်လုပ်ငန်းရှင် ဦးမောင်မောင် သိန်းက ပြောသည်။ ယင်းက ''ဓာတ်မြေဩဇာ ထည့်ပြီးရောင်းတဲ့ လူက နှစ်ရာ ခိုင်နှုန်းတောင် ရှိပါ့မလား မသိပါဘူး။  ဒါပေမဲ့ လုံးဝ မလုပ် ဘူးလို့တော့ ပြောလို့ မရပါဘူး''ဟု ပြော သည်။ မြန်မာ့ အစား အစာဖြစ်သည့် ရေချို ငါးပိများအား ပျောက်ပျက် သွားမည် စိုးသောကြောင့် လည်း ယင်းကဲ့သို့ စစ်ဆေး မှုများ ပြုလုပ် သင့်ကြောင်း ယင်းက ဆက်လက်ပြောသည်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ကိုင်သော ၉၉ ရာခိုင်နှုန်း မှာ လေးဒေါင့်ကန်၊ ပဲခူး၊ ကျိုက်ထို တို့တွင် ဖြစ်ပြီး ဧရာဝတီမှာ တစ်ရာခိုင်နှုန်းလောက်သာ ရှိကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ ထံမှ သိရ သည်။


မို့မို့သန္တာ
Yangon Media Group
ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ) / ရန်ကုန်တိုင်းမ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်