မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား ကိုလူချော အဖွဲ့မှ ဆန္ဒထုတ်ဖော်သွားမည်ဟူသော သတင်း များ နှင့် ပတ်သက်၍ ကိုလူချောအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က
''ကိုလူချောအဖွဲ့ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့သတင်း တွေက မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘာကိုမကျေ နပ် လို့ဆန္ဒပြရမှာလဲ။ဆန္ဒပြတယ်ဆိုတာကသူတို့မှာမရှိတဲ့နေရာတစ်ခုကိုလိုချင်လို့ဆန္ဒပြကြတယ်လို့ကျွန်တော်
ကတော့ထင်တယ်။ကိုလူချောအဖွဲ့ဆန္ဒပြမယ်ဆိုပြီးလျှောက်ဖွနေတာဘယ်သူလဲဆိုတာလဲ ကျွန်တော်တို့ သိပါတယ်။ သူတို့ပြောသလိုမျိုး ကိုလူချော အဖွဲ့ဆန္ဒထုတ်ဖော်ရအောင် ကိုလူချောအဖွဲ့က ဘယ်အတွက် ဆန္ဒထုတ်ဖော်ရမှာလဲ၊ နေရာအတွက်လား၊ နေရာအတွက်ဆိုရင်တော့ ကိုလူချောအဖွဲ့အတွက် မလိုအပ် ဘူးလို့ထင်တယ်။
ကျွန်တော်တို့မှာ ရသင့်ရ ထိုက်တဲ့ နေရာတစ်ခုက ရှိနေပြီးသား။ ဘယ်နေရာကို ရမှဆိုတဲ့စိတ် ကိုလူချော အဖွဲ့မှာမရှိဘူး။ ကိုလူချော အဖွဲ့ဆိုတာက ရုပ်ရှင်သရုပ်ဆောင်လူကြမ်းတွေစုပေါင်းပြီးတော့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ လေ။ ကိုလူချောအဖွဲ့က လူကြမ်းတွေကြီးပဲ ဖွဲ့စည်းထား တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပေမယ့် စိတ်ဓာတ်တွေက တော့ အောက်တန်းမကျဘူးဆိုတာကို သိစေချင်တယ်။ ကိုလူချော အဖွဲ့ကလူတွေ ဘယ်သူမှ စိတ်ဓာတ်အောက် တန်းမကျဘူးဆိုတာကို ကျွန်တော်လုံးဝ အာမခံရဲပါ တယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ပြိုကွဲအောင် လုပ်နေတဲ့သူတွေ ပျက်စီးစေချင်တဲ့ ဆန္ဒရှိနေကြတဲ့ သူတွေ ကို အနုပညာရှင်အစစ်အမှန်တွေက ဒီအ တိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ အဲဒီလို အနုပညာ ရှင်အစစ် အမှန်ထဲမှာလဲစီးပွားရေးသမားတွေမပါပါဘူး''ဟုကိုလူချောအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင် မှပြောကြား သွား သည်။
Yangon Media Group
Time in Rangoon


0 comments:
Post a Comment