Tuesday, August 27, 2013

ပွဲကြမ်းခဲ့တဲ့ Miley Cyrus

Posted by drmyochit Tuesday, August 27, 2013, under | No comments


အမေရိကန် Popအဆိုတော် Miley Cyrusတစ်ယောက် ကတော့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ Video Musicဆုပေးပွဲမှာ ဆုမရရှိခဲ့ပေမယ့် Performanceနဲ့ ပတ်သက်ပြီး လူပြောသူပြော အများဆုံးဖြစ်ခဲ့ပါတယ်။ Tumblr, Twitterနဲ့ Redditစတဲ့ လူမှုကွန်ရက်တွေမှာလည်း Mileyရဲ့ Performanceတွေ အကြောင်း ပြောဆိုမှုတွေ အများအပြားပဲ တက်လာခဲ့ပြီး Mileyဟာ “We Can’t Stop”နဲ့ “Blurred Lines”ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို Thickeနဲ့ အတူ ဖျော်ဖြေ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ယောက်ရဲ့ တင်ဆက်မှုဟာ VMA(Video Music Award)ဆုပေးပွဲ တစ်လျောက် အထူးဆန်းဆုံးနဲ့ အရူးနှမ်းဆုံး လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ သတင်း မီဒီယာတွေ က ဖော်ပြကြပါတယ်။

Mileyဟာ အဆိုပါ ဖျော်ဖြေပွဲမှာ အလွန်အကျူး Performanceနဲ့ လူမြင်မတင့်တယ်တဲ့ သရုပ်ဖော်မှုတွေကို လူပုံအလယ်မှာ လုပ်ပြခဲ့ပြီး ပရိသတ်တွေရဲ့ ရှုံ့ချမှုတွေကိုလည်း တော်တော်ခံခဲ့ ရပါတယ်။




http://www.businessinsider.com/miley-cyrus-robin-thicke-we-cant-stop-vmas-2013-8

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်