Tuesday, August 27, 2013

နေ့ပိုင်း ဖွင့်သည့် ကလပ်များကို အရေးယူ တော့မည်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် - ၂၆ ။        ။ နေ့အချိန် ဖွင့်သည့် ကလပ်များ (Day Club) ကို အရေးယူ တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူက ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန် ရှိသူက '' Day Club  တွေ ရှိနေလို့ ကလေးတွေ၊ ကျောင်းသားတွေ ပိုပျက်စီးကြတယ် ဆိုပြီး တိုင်တာတောတာတွေ ရှိလာတယ်။ ဒါကြောင့်  Day Club  တွေကို အရေး ယူဖို့လုပ်နေ တယ်။ တကယ်တော့ နိုက်ကလပ် ကလဲ တရားဝင် ဖွင့်ခွင့် ပေးထားတာ မဟုတ် ပါဘူး''ဟု ပြောသည်။

ကျောင်းသား လူငယ်များ ကိုပျက်စီး စေသည့် အတွက် Day Club  များကိုအရေးယူ ပေးပါရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ထံ တိုင်ကြား မှုများ ရှိနေကြောင်း၊ ယင်းကြောင့် Day Club  များကို အရေး ယူရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Day Club တစ်ခုရှိ ဝန်ထမ်း တစ်ဦးက ''ကလပ်ကို လာတဲ့သူ တွေက ဆယ်ကျော်သက် ကလေးတွေ များတယ်။ ၁၃နှစ်ကနေ ၁၉၊ ၂ဝအရွယ်တွေပဲ လာတာ။ ၂၀ ကျော်နည်းတယ်။ ဆယ်ကျော်သက် ကလေးသာသာ ဆိုပေမယ့် ကောင်မလေးတွေ ဝတ်တာလန်ထွက်နေ တာပဲ။ ကျွန်တော်တို့ ကလပ်ဆို တက္ကစီ အဝင် မခံဘူး။ ကိုယ်ပိုင် ကားနဲ့လာမှ ရတာ ဆိုတော့ သူဌေးသား၊ သမီးတွေပဲ လာကြတာ''ဟု ပြောသည်။

နိုက်ကလပ်များကို ည ၁၁ နာရီ အထိသာ ဖွင့်ခွင့် ပေးပြီး သတ်မှတ်ချိန် ထက်ကျော်လွန် ပါက အရေး ယူမည် ဖြစ်ကြောင်း သိရသည်။


အေးမြမြထွန်း
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်