Tuesday, August 27, 2013

ဝန်ကြီးဌာ များမှ ဟင်းသီး ဟင်းရွက် စိုက်ခင်း အဖြစ် သိမ်းဆည်း ထားသော ခြံမြေများအား မူလ ပိုင်ရှင် လယ်သမားများက ပြန်လည် တောင်းခံမည်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် - ၂၆ ။      ။ ဝန်ကြီးဌာ များမှ ဟင်းသီးဟင်းရွက် စိုက်ခင်း အဖြစ် သိမ်းဆည်း ထားသော မှော်ဘီမြို့နယ် ကြာကန်စု ကျေးရွာရှိ ခြံမြေများအား မူလ ပိုင်ရှင် လယ်သမား များက ခြံမြေပြန် ရရှိရေး အတွက် ဝန်ကြီး ဌာနများ ထံမှ ပြန်လည် တောင်းခံ သွားမည် ဖြစ်ကြောင်း သိရသည်။ ညောင်နှစ်ပင် ကျေးရွာ အုပ်စုဝင် ကြာကန်စု ကျေးရွာရှိ ခြံမြေ ၃၅ ဧကကို စွမ်းအင် ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာနတို့မှ ၁၉၉၉နှင့် ၂၀၀၀ ခုနှစ်များတွင် ဟင်းသီး ဟင်းရွက် စိုက်ခင်း အဖြစ် သိမ်းယူခဲ့ကြောင်း၊ လယ်သမား ၁၉ဦးခန့် ရွှေ့ပြောင်း ပေးခဲ့ ရကြောင်း သိရသည်။

စိုက်ခင်းမြေပြန်ရရှိရေး အတွက် လယ်သမားများ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များသို့ မေ၂၅ရက်က စာတင် ခဲ့ကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်းရေး ကော်မရှင်နှင့် သမ္မတ ထံသို့လည်း စာတင် ခဲ့ကြောင်း လယ်သမား များက ဆိုသည်။ ယင်းနှင့် ပတ်သက်ပြီး လယ်သမား အကျိုး ဆောင်ရွက် ပေးနေသူ ဦးမျိုးမြင့်အောင်က ''ဒီစိုက်ခင်း မြေတွေ ထဲက ၃၅ ဧကခန့် လောက်ကို ဝန်ကြီး ဌာန လူကြီးတွေက စီမံကိန်း နယ်မြေကျော်ပြီး အကျိုးစီးပွား အတွက် သိမ်းဆည်း ထားတာပါ။ တချို့ကို သီးစား ချထားပြီး တ ချို့စိုက်ခင်း တွေက ဒီအတိုင်း မြေလွတ်တွေ ဖြစ်နေတာပေါ့။ မေ ၂၅ မှာ လယ်သမား တွေက လယ်မရှိ၊ စိုက်ခင်း မရှိတော့ မူလ ပိုင်ရှင် တွေက ဟင်းရွက် စိုက်ခင်းကို ဇူလိုင် လထဲမှာ ခြံခတ်ပြီး စိုက်ခင်း ပြန်လုပ်ဖို့ စီစဉ်ကြတာပေါ့။ မကြာ ဘူး။ စွမ်းအင် ဝန်ကြီးဌာနက အေ အီး ဦးသိန်းကျော် နာမည်နဲ့ နိုင်ငံပိုင် ဟင်းသီး ဟင်းရွက် စိုက်ခင်း ကျူးကျော် ခြံခတ်ခြင်း မပြုဖို့ သုံးရက် အတွင်း ခြံခတ်တာ ဖယ်ဖို့ကို သတိပေး စာပြန်ပါ တယ်''ဟုပြော သည်။

ယင်းသို့ စာပြန်သော်လည်း လယ်သမားများ အနေဖြင့် လက်ရှိ အတိုင်း စိုက်ခင်း ပြန်လုပ်သွား မည်ဖြစ်ကြောင်း၊ တချို့ စိုက်ခင်း မြေများသည် နိုင်ငံပိုင် သိမ်းယူမှုများတွင် မပါဝင်ဘဲ ဝန်ကြီး ဌာနများမှ သိမ်းယူ ထားခြင်း ဖြစ်ကြောင်း၊ ထိုဝန်ကြီးဌာနများသို့ ယခုလ အတွင်း ထပ်မံ စာတင် သွားမည်ဖြစ်ကြောင်း ဦးမျိုးမြင့်ကျော်က ထပ်မံပြောသည်။ မူလ ပိုင်ရှင် လယ်သမား ၁၉ ဦးမှ စိုက်ခင်း များကို ပြန်လည်ခြံခတ် စိုက်ပျိုးရန် စီစဉ် သော်လည်း ၁၅ ဧက ခန့်သာ ခြံခတ် ထားပြီး ကျန်ရှိ ဧကများ တွင် ဗိုလ်မှူး... ဆိုသူက ရော်ဘာခြံများ စိုက်ပျိုး ထားကြောင်း လယ်သမား များက ဆိုသည်။

ကျေးရွာ လယ်သမား တစ်ဦး ဖြစ်သူ ဦးတင်စိန်က ''သူတို့ဟင်း သီးဟင်းရွက် စိုက်ခင်း လို့သိမ်းပြီး တစ်ရာသီကို တစ်ဧက ကျပ်တစ် သောင်း အခကြေးငွေ ပြန်ငှားစား ကြတယ်။ စိုက်ခင်း လုပ်လဲ ခဏပဲ အလုပ် လုပ်ကြတယ်။ အိမ်တွေ ဖျက်ပေး ခဲ့ရတယ်။  ဗိုလ်မှူး အ ငြိမ်းစား တွေက ရော်ဘာခြံတွေ စိုက်ပြီး ပုဂ္ဂလိက နာမည်နဲ့ လွှဲပြောင်း ယူထား ကြတယ်။ တချို့ကလဲ ပုဂ္ဂလိက လက်လွှဲ ရောင်းချ ထားတယ်''ဟုပြောသည်။
လယ်သမားအကျိုးဆောင်မှ သတင်း မီဒီယာ များအား ကြာကန်စု ကျေးရွာခြံကိစ္စ ရှင်းပြ နေစဉ်။ ဓာတ်ပုံ - မင်းမင်း

သော်ဇင်ထက်
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်