Saturday, July 14, 2012

ဒီမိုကရေစီစနစ်တွင် စစ်တပ်က အုပ်ချုပ်ရေးပိုင်းမှာ မပါဝင်တော့ကြောင်း သမ္မတပြောကြား

Posted by drmyochit Saturday, July 14, 2012, under | No comments


From : ခေတ်လူငယ်
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဖြင့် ရှေ့ဆက်သွားနေကြောင်း နိုင်ငံ၏ အုပ်ချုပ်ရေးကဏ္ဍတွင် စစ်တပ်မပါဝင်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇွန် ၁၁ စင်ကာပူနိုင်ငံ The Straits Times သတင်းစာနှင့် မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမယ့် အစိုးရမူဝါဒပိုင်းမှာ မပါဝင်ဘူး” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံ၏ လုံခြုံရေး၊ ပြည်ပမှ ထိပါးလာမည့် အန္တရာယ်များအား ကာကွယ်ရေးအတွက် တိုင်းပြည်က အချိန်ကာလ ကြာမြင့်စွာ စစ်တပ်ကို အားကိုးခဲ့ရသည်ဟု ပြောကြားခဲ့သည်။ တပ်မတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဘောင်အတွင်း၌သာ အကန့်အသတ်ဖြင့် ပါဝင်နေရပြီး အစိုးရ သို့မဟုတ် အစိုးရ၏ မူဝါဒရေးရာများတွင် တိုက်ရိုက်ပါဝင် ပတ်သက်မှု မရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မကြီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် တိုင်းရင်းသား လူနည်းစုများနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခများ ချုပ်ငြိမ်းမှသာ နိုင်ငံရေးပိုင်းတွင် ခေါင်းဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက် မပြီးပြတ်သေးသည့် KIA ကချင်လွတ်မြောက်ရေး တပ်မတော်နှင့်လည်း အောင်မြင်စွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်