Saturday, July 14, 2012

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်အနေဖြင့် ဟောင်ယန်းကျွန်း အရေးအား မှန်ကန်စွာရင်ဆိုင်သင့်သည်ဟုပြောကြားခဲ့ခြင်း

Posted by drmyochit Saturday, July 14, 2012, under | No comments


ဖိလစ်ပိုင်အနေဖြင့် ဟောင်ယန်း (Huangyan) ကျွန်းအရေးအား မှန်ကန်စွာရင်ဆိုင် သင့်ပြီး ပြဿနာ မရှာသင့်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးယန်ကျိချီက ဇူလိုင်လ ၁၂ ရက်နေ့တွင်(၁၉)ကြိမ်မြောက် အာဆီယံ ဒေသတွင်းဖိုရမ် (ARF) ၏ နိုင်ငံခြားရေး ၀န်ကြီးများေ ဆွးနွေးပွဲ ၌ပြောကြားခဲ့ပါ သည်။ ဟောင်ယန်းကျွန်းသည် တရုတ်ပိုင်နက်၏ အစိတ်အပိုင်းဖြစ်ပြီး အငြင်းပွားဖွယ်ဖြစ်စေ သည့်ကျွန်း တစ်ခုမဟုတ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ဟောင်ယန်းကျွန်း၌ တရုတ် ငါးဖမ်းသမား များကို ဖိလစ်ပိုင်ရေတပ်က ၀င်ရောက်ဟန့်တား သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ မှုနှင့်ပတ်သက် ၍ နိုင်ငံ အချို့၏ပြောကြားချက်ကို ယန်ကျိချီက ထိုကဲ့သို့ တုံ့ပြန်ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ ထို့အပြင် ယန်ကျိချီသည် ကိုရီးယားနျူကလီးယားကိစ္စ၊ မြန်မာနိုင်ငံရေး၊ ဆီးရီးယားအရေးနှင့် အီရန်နျူ ကလီးယားကိစ္စတို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏သဘေားထားကို အဆိုပါ ဆွေးနွေးပွဲတွင် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်