Saturday, July 14, 2012

၇၅ နိုင်ငံမှ သိပံ္ပပညာရှင်များဆွေးနွေးပွဲကျင်းပမည်

Posted by drmyochit Saturday, July 14, 2012, under | No comments


နိုင်ငံပေါင်း ၇၅ နိုင်ငံမှ သိပ္ပံပညာရှင် ၂,၅၀၀ ကျော်တို့သည် အိနိ္ဒယနိုင်ငံတောင်ပိုင်း   Mysore မြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့၌ စုရုံးခဲ့ကြပြီး ကြီးကျယ်သော အပြည်ပြည်ဆိုင်ရာဆွေးနွေး ပွဲတစ်ခုကို ပြုလုပ် မည်ဖြစ် ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် မျက်မှောက်ခေတ် အာကာသလောက၏ အကြောင်းအရာ များကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း အရာရှိတစ်ဦးက ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အိနိ္ဒယအာကာသ သုတေသနအဖွဲ့ (ISRO) မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ISRO ဥက္ကဋ္ဌ Radhakrishnan က အိနိ္ဒယ၏အာကာသအမြင်ကို မြှင့်တင်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအတွင်း အိနိ္ဒယနိုင်ငံ၏ အာကာ သဆိုင်ရာအမြင်များကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း ISRO ၏ အမည်မဖော်လိုသော အရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်း မှသိပ္ပံ ပညာရှင်များနှင့် အပြန်အလှန်ေ ဆွးနွေးမှုများ မှတစ်ဆင့် အိနိ္ဒယသိပ္ပံပညာရှင်များအတွက်  အကျိုးကျေးဇူးများ ရရှိစေမည့်အခွင့်အလမ်းတစ်ရပ်ကို ၄င်းအစည်းအဝေးမှပေးစွမ်းနိုင်မည်ဖြစ်ကြောင်းISRO၏ ထုတ်ပြန် ကြေညာ ချက်တွင် ဖော်ပြ ထားပါ သည်။
                                                                                                                       Xinhuanet.com;July-11(Wed)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်