Saturday, July 14, 2012

ကမေ်္ဘာဒီးယားတပ်ဖွဲ့များက ခရီးသည်တင်လေယာဉ်တစ်စင်းအား မှားယွင်းပစ်ခတ်ခဲ့သည်ဟု ထိုင်းကြည်းတပ်ကပြောကြားခဲ့ခြင်း

Posted by drmyochit Saturday, July 14, 2012, under | No comments


ကမေ်္ဘာဒီးယားတပ်ဖွဲ့များသည် Bangkok Airways လေကြောင်းပိုင်ခရီးသည်တင် လေယာဉ် တစ်စင်း အား သူလျှိုလေယာဉ်ဟုယူဆကာ နှစ်နိုင်ငံအငြင်းပွားမှုဖြစ်ပွားနေသော နယ်စပ်ဒေသအနီးတွင် မှားယွင်း ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါလေယာဉ်သည် ရာသီဥတု ဆိုးရွားသောကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ် ရိ လေဆိပ်သို့မဆင်းသက်နိုင်မီ မှားယွင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော် တစ်ဦးတစ်ယောက်မျှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း ထိုင်းကြည်းတပ်မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆီရီချန်နာေ ထာင်က ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ နယ်စပ်ဒေသရှိ ကမေ်္ဘာဒီးယားစစ်ဘက် ကလည်း လေယာဉ်တစ်စင်း အားပစ်ခတ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ ၎င်းအချိန်ကေ မှာင်မိုက်နေသောကြောင့် လေယာဉ် အမျိုးအစားအားမခွဲခြား နိုင်ကြောင်း၊ ၎င်းင်းလေယာဉ်သည် အကြိမ်များစွာဝဲပတ်ပျံသန်းနေသောကြောင့် ကမ္ဘော ဒီးယားစစ်သည်များက စက်သေနတ်ဖြင့် ၁၈ ချက်ပစ် ခတ်ခဲ့ကြောင်း၊ သို့သော်လေယာဉ်သည် အလွန်မြင့်မားစွာ ပျံသန်းနေသောကြောင့် မထိမှန်ခဲ့ကြောင်း၊ ခရီးသည်တင်လေယာဉ်တစ်စင်းသည် နယ်စပ်အနီးတွင် ပျံသန်း လိမ့်မည်မဟုတ်ဟုယူဆ၍ သူလျှိုေ လယာဉ်ဟုထင်မှတ်ကာ ကမ္ဘောဒီးယားနိုင်ငံလေပိုင်နက်အားကာကွယ်ရန် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းလေယာဉ်သည် ကမေ်္ဘာဒီးယားနိုင်ငံအတွင်း ၁၀ ကီလိုမီတာ (၆ မိုင်)ခန့် ရောက်ရှိ နေကြောင်း ကမ္ဘော ဒီးယား တပ်မှူးတစ်ဦးဖြစ်သူ ဆန်ဖီယာရင်ကပြောကြားခဲ့ပါသည်။ အဆိုပါမတော်တဆမှု သည် ဇူလိုင်လ ၁၁ ရက်နေ့ ၁၉၀၀ အချိန်တွင်ဖြစ်ပွားခဲ့သည်ဟု ၎င်းင်းကပြောကြားခဲ့သော်လည်း ထိုင်းတာဝန်ရှိ သူများက ဇူလိုင်လ ၁၂ ရက်နေ့ အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်