Saturday, July 14, 2012

လက်ဘနွန်နိုင်ငံအတွင်းသို့ ဆီးရီးယားမှအမြောက်ဖြင့်ပစ်ခတ်

Posted by drmyochit Saturday, July 14, 2012, under | No comments



လက်ဘနွန်ပိုင်နက်နယ်မြေအတွင်းသို့ ဆီးရီးယားနိုင်ငံမှ အမြောက်ဖြင့်ပစ်ခတ်မှုအပေါ် အမေ ရိကန်နိုင်ငံက ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့ပြီး အိမ်နီးချင်းနိုင်ငံများ အားလုံး၏ အချုပ်အခြာအာဏာကိုလေးစားရန် ဆီးရီးယားအစိုးရအား တောင်းဆိုခဲ့ပါသည်။ လက်ဘနွန် နိုင်ငံသားအချို့သေဆုံးပြီး အချို့မှာဒဏ်ရာရရှိခဲ့ပါသည်။ ဆီးရီးယားနိုင်ငံ ၏ပစ်ခတ် ခဲ့မှုများအား အမေရိကန် နိုင်ငံက ပြင်ပြင်းထန်ထန်ဝေဖန်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Patrick Ventre IIက သတင်းေ ထာက်များ အား ပြောကြားခဲ့ပါသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုသည် လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ကုလ သမဂ်္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အား သမ်္မတဘက်ရှာအယ်လ်အာဆတ်ဦးဆောင်သော ဆီးရီး ယားအစိုးရအဖွဲ့မှ ဥပေက်္ခာပြုကျူးလွန်ခြင်းဖြစ်ကြောင်း Ventreu II က ပြောကြားခဲ့ပါသည်။ ၂၀၁၁ခုနှစ် မတ်လအတွင်းက သမ်္မတအာဆတ်အပေါ် အာဏာဖီဆန်မှု များဖြစ်ပွားခဲ့သည့်အချိန်မှစ၍ လက်ဘနွန်-ဆီးရီးယားနယ်စပ်တွင် ပစ်ခတ်မှုများ ၊ ကျူးကျော်ဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်ေ တွ့ရှိရပါသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ဆီးရီးယား ဘက်မှ RPG ဗုံးသီး ၂ လုံး ပစ်ခတ်ခဲ့ရာ Heesha မြို့သို့ထိမှန်ခဲ့ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ပါသည်။ လက်ဘနွန် ရှိဒုက်္ခသည်များမှာ ဆီးရီးယားနိုင်ငံသားများသာဖြစ်ပါသည်။ လက်ဘနွန်ရှိ လက်နက်ကိုင်ပုန်ကန်သူများသည် ဇူလိုင်လ ၁၀ ရက်နေ့က လက်ဘနွန်မြောက်ပိုင်းကျေးရွာတစ်ရွာမှ စိန်ပြောင်းဖြင့် ဆီးရီးယားနယ်စပ် တပ်သို့ပစ် ခတ်ခဲ့ ရာ လက်ဘနွန်အရပ်သား ၁ ဦးနှင့် ဆီးရီးယား အရပ်သား ၂ ဦး သေဆုံးခဲ့ပါသည်။
                                                                                                                          Xinhuanet.com;July-11(Wed)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်