Saturday, July 14, 2012

အစ္စရေးတွင် Iron Dome ဒုံးပျံကာကွယ်ရေးစနစ်တပ်ဖြန့်ချထားခဲ့ခြင်း

Posted by drmyochit Saturday, July 14, 2012, under | No comments


  အစ္စရေးစစ်ဘက်သည် ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သော Eilat မြို့တွင် Iron Dome ဒုံးပျံကာကွယ်ရေး စနစ်တစ်ရပ်အားတပ်ဖြန့်ချထားခဲ့ကြောင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် အလှည့်ကျတပ်ြ ဖန့်ချထားရေး အစီအစဉ်အရထိုကဲ့သို့တပ်ဖြန့်ချထားခြင်းဖြစ်ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံပိုင် အစ္စရေးလေကြောင်း ဆိုင်ရာ စက်မှုလုပ် ငန်းမှထုတ်လုပ်သော အဆိုပါ Iron Dome ဒုံးပျံကာကွယ်ရေးစနစ်သည် အကွာအဝေး ၄ ကီလိုမီတာ(၂.၅ မိုင်)မှ ၇၀ ကီလိုမီတာ(၄၃.၅ မိုင်) ကြားရှိ ဒုံးပျံများကိုကြားဖြတ်တိုက်ဖျက်ရန် ပုံစံရေး ဆွဲထားခြင်းဖြစ် ပါသည်။ အဆိုပါစနစ်၏ ရေဒါသည် ဒုံးပျံ၏ လမ်း ကြောင်းအားတွက်ချက်ပေးပြီး ဒုံးပျံ၏တည်နေရာအား ချက်ချင်းသတ်မှတ်ပေးပါသည်။ ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍တပ်ဖြန့်ချထားအသုံးပြုခဲ့သော ၎င်းဒုံး ပျံကာကွယ်ရေးစနစ်သည် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေး တောင်ပိုင်းရှိမြို့များသို့ပစ်ခတ်သောဒုံးပျံ ၉၀ ရာခိုင်နှုန်းအား ကြားဖြတ်ဖျက်ဆီးခဲ့ပါသည်။ အမေရိကန် အထက် လွှတ်တော်သည် Iron Dome ဒုံးပျံများ ပိုမိုဝယ်ယူနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၈၀ အား အစ္စရေး သို့ကူညီပေးရန် မကြာသေးမီက အတည်ပြုသတ်မှတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်