အဇာဘိုင်ဂျန် တပ်မတော်သည် အာမေးနီးယားနိုင်ငံ အနီးရှိအငြင်းပွားနေသည့် Nagorno-Karabakh ဒေသတွင် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း
အဇာဘိုင်ဂျန် စစ်ဘက် က ပြောကြား ခဲ့ပါသည်။ ခေတ်မီ သောစက်ပစ္စည်းများနှင့် လက်နက်များ အသုံးပြုသည့် တပ်ဖွဲ့များပါဝင်သော
အဆိုပါလေ့ကျင့်ခန်းများအား အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီး Safar Abiyev သည် အငြင်းပွား နယ်မြေအား လျစ်လျူရှု၍
ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန မှ ပြောခွင့်ရပုဂိ္ဂုလ်တစ်ဦးက RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့ပါ သည်။ လေ့ကျင့်ခန်းများသည်
ဇူလိုင်လ ၁၃ ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ပါသည်။ လွန်ခဲ့သောလက နယ်စပ် ဖြတ်ကျော် ပစ်ခတ် မှုဖြစ်ပွားခဲ့ရာ
အာမေးနီးယားစစ်သည် ၃ ဦးနှင့် အဇာဘိုင်ဂျန်စစ်သည် ၅ ဦး သေဆုံးခဲ့ ပါသည်။ အဆိုပါကစ္စနှင့်ပတ်သက်၍
ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာ ရီကလင်တန်က တောင်းဆိုခဲ့ပါသည်။
အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့သည် ၁၉၉၀ နှစ်များ အစောပိုင်းက Nagorno-Karabakh နယ်မြေနှင့်ပတ်သက်၍ လူအုပ်ကြားတွင်
တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၃၀,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
၎င်းပဋိပက္ခမျာြးေ ပလည်ရေး ဖြေ ရှင်းဆောင် ရွက်မှုနှင့် ပတ်သက်၍ နိုင်ငံတကာမှ အားထုတ်ကြိုးပမ်းမှုအားနည်းလျက်ရှိပြီး
စိုးရိမ်မှုမြင့်လာလျက် ရှိကြောင်း ဥရောပ သမဂ္ဂ၏ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏
အထွေထွေအတွင်းရေးမှူး Lamberto Zannier
က လွန်ခဲ့ သည့်လက ပြောကြားခဲ့ပါသည်။
RIA Novosti.com;July-11(Wed)
Time in Rangoon

0 comments:
Post a Comment