Monday, February 18, 2013

တးသံရှင် ပလေးဘွိုင် ဦးသန်းနိုင်အား အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားစာ

Posted by drmyochit Monday, February 18, 2013, under | No comments

သို့

နိုင်ငံတော်သမ္မတ
ပြည်သူ့လွှတ်တော်ဥက္ကဌ
တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဌ
မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ

" တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ် မှုကြောင့် အာဏာ အလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား ထိရောက်စွာ အရေးယူပေး ပါရန် တိုင်ကြား ခြင်း "


အခင်းဖြစ်ပွားသည့်နေရာ။ ၉ မိုင် Golf Club | ရန်ကုန် ၊ ၁၆ ရက် ဖေဖေါ်ဝါရီလ ၂၀၁၃ ခုနှစ် ။


ယနေ့ ည ဦးပိုင်းခန့်က ၉ မိုင် Golf ကွင်းတွင် အဆိုတော် Playboy (ဦး) သန်းနိုင် နှင့် မိတ်ဆွေဟောင်း တစ်ချို့ တေးသီဆိုဖျော်ဖြေမှု အစီအစဉ်တစ်ခု ကျင်းပခဲ့ပါသည်။

ထိုအချိန်မှာပင် ဧည့်သည် တစ်ဦးသီဆိုနေစဉ်အတွင်း အဆိုပါ Golf Club ၏ Captain ဆိုသော ရဲချုပ်ဟောင်း စိုးဝင်း ဆိုသူက Stage အောက်နားတွင် ထိုင်နေသော ပွဲစီစဉ်သူ ဦးတင်အောင်မိုး အား ယ္ခုဆိုနေ သူပြီးလျင် သူတက်ဆိုမည်ဟု အမိန့်ပေး ညွှန်ကြားခဲ့ပါသည်။

သို့သော် သီချင်းပြီးဆုံးချိန်တွင် ထိုကြားဖြတ် စေခိုင်းမှုအား မသိသေးသော ဦးသန်းနိုင်အား သီချင်း သီဆိုပေး ပါရန် ၄င်း ၏ မိတ်ဆွေများ အပါအဝင် အခြား ဧည့်သည်များကပါ အားတက်သရော ဝိုင်း ဝန်းတောင်း ဆိုလာကြသဖြင့် ဦးသန်းနိုင်မှ တက်ရောက်သီဆိုစဉ်မှာပင် ရဲချုပ်ဟောင်းစိုးဝင်း က ၄င်း၏ သီချင်းဆိုရန် အလှည့်အား စောင့်နေသည်ကို ဦးသန်းနိုင် မှ ကြားဖြတ်ပါသည်ဟုဆိုကာ ..

" ဒီပွဲကို စီစဉ်တာ ငါကွ ဒီကောင်က ဘာမို့လို့ ငါ့နာမည်ကြေငြာထားရဲ့သားနဲ့ တက်ဆိုရအောင် ဘာစောက် ဆင့်ရှိ လို့လဲ " ဟုဆဲဆိုလျက် ဦးသန်းနိုင် သီချင်းဆိုနေချိန်အတွင်း စင်ပေါ်ထိတက်ကာ " ဒီသီချင်း ဆိုနေတာ ကို ခုရပ် " ဟု တစ်ချက်လွှတ် အမိန့်ပေးလေတော့သည်။

သို့သော် ဦးသန်းနိုင် မှ အနုပညာအရ ဖျော်ဖြေစဉ်တွင် ပရိသာတ်အားလေးစားမှုအရ မရပ်တန့်ပေး ခဲ့သည့် အတွက် ဦးသန်းနိုင် စင်ပေါ်မှဆင်းလာသည့်အခါတွင် Captain စိုးဝင်းမှ ရိုင်းစိုင်းစွာ စတင် ဆဲရေးတိုင်းထွာ စော်ကားလေတော့သည်။

ထို့ကြောင့် ဦးသန်းနိုင် မှလဲ ရှက်စိတ် မခံချင်စိတ်တို့ဖြင် စင်ပေါ်သို့ပြန်တက်၍ 

" ၄င်းသည် ထိုပွဲဖြစ်မြောက်ရေးကို စေတနာဖြင့် ကူညီခြင်းသာဖြစ်ပြီး တန်ဖိုးများသောစက်များကိုလဲ ဈေးပေါပေါဖြင့် စီဆင်ကူညီပေးခဲ့သည့်အကြောင်း "

" ယ္ခုလို တေးသီဆိုနေစဉ် စင်ပေါ်မှဆင်းခိုင်းခြင်းကဲ့သို့ အာဏာရှင်ဆန်ဆန် စေခိုင်းခြင်းမှာ အောက်တန်း ကျသော အပြုအမူဖြစ်ကြောင်း "

" ထိုကဲ့သို့ နောက်နောင် အနုပညာသမား များအား မစော်ကားရန်နှင့် ဒီမိုကရေစီ တည်ဆောက်နေဆဲ အချိန် သမယ တွင် အာဏာရှင်ဆန်၍ မရတော့ကြောင်း " 

" အဆိုပါ Captain စိုးဝင်း ဆိုသည့်ကောင်ကိုလဲေ#ာက်ဂရုမစိုက်သဖြင့် --ီး ဘဲ " ဟုဆဲပြီး 

" သတ္တိရှိရင်စင်ပေါ်တက်လာပါ တစ်ယောက်ချင်းချမည် " ဟု ပြောဆိုလိုက်သဖြင့် Captain စိုးဝင်း ၏ လက်ပါးစေ များက ဦးသန်းနိုင်အား စင်အောက်သို့ အတင်းဆွဲချလေတော့သည်။

စင်အောက်ရောက် သွားသည့်အခါ ..

" အဲဒီကောင်ကို ဖမ်းကွာ လက်ထိပ်ခပ်လိုက် " ဟု အနီးရှိရဲများကိုအမိန့်ပေးပြီး ရဲများမှ ဦးသန်းနိုင်အား ဖမ်းဆီး ပါတော့သည်။

သို့သော် ဦးသန်းနိုင်အား ချစ်ခင်လေးစားသော ရဲများမှ ဘာမျှ မလုပ်ခဲ့သဖြင့် ရဲများကိုပါ Captain စိုးဝင်း ၏ အဖွဲ့မှလူက ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းခဲ့ပါသည်။

ထို့အပြင် ဦးသန်းနိုင် အား စင်ပေါ်မှ နှင်ချမှုကြောင့် တေးဆိုသူအမျိုးသမီးငယ်များမှ စိုးရိမ် အားနာ သနား စိတ်တို့ဖြင့် တိတ်တစ်ဆိတ် ဝိုင်းဝန်းကြည့်ရှုနေသည်ကို ၄င်း Captain စိုးဝင်း တို့မှ

" စောက်ကောင်မတွေ စောက်ပဲမများ နဲ့ အေးဆေးနေ " ဟု ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းသွားသဖြင့် အမျိုးသမီး တေးသံရှင်များအားလုံး ရှက်ဒေါသဖြစ်ပြီး မခံမရပ်နိုင်ဖြစ်ခဲ့ကြရကြောင်း မျက်မြင်သက်သေ လူဦးရေ အများအပြားက ထွက်ဆိုခဲ့ပါသည်။

ယ္ခုလို သက်ကြီးဝါကြီး အနုပညာရှင်တစ်ဦး အား လူပုံအလည်တွင် စော်ကားမော်ကားပြု၍ အာဏာ သုံးပြီးမ တရား ဖမ်းဆီးခြင်း တူမအရွယ် သမီးအရွယ် ဂီတပညာရှင် အမျိုးသမီးငယ်များအား ငွေပေး ထားသည့် ပြည့်တန်ဆာကဲ့သို့ ရိုင်းပျစွာ နှိမ့်ချစော်ကားဆက်ဆံခြင်း တို့အား ပြုလုပ်ခဲ့သည့် Captain စိုးဝင်း ဆိုသူ၏ လုပ်ရပ်တို့သည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကြိုးပန်းတည်ဆောက်နေသည့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး နှင့် လားလားမှ မညီညွတ်သည့်အပြင်

လက်နက်ကိုင်အဖွဲ့အစည်း၏ အာဏာကိုအလွဲသုံးစားပြုခြင်း
အမျိုးကောင်းသမီးတို့အား နှုတ်ဖြင့် အသရေဖျက်ခြင်း 
အလိုမတူဘဲ ကာယိနြေ္ဒပျက်စေခြင်း
ပြစ်မှုထင်ရှားခြင်းမရှိဘဲ လက်နက်မဲ့ အရပ်သားအား လက်နက်ကိုင်အာဏာသုံး၍ ကိုယ်ထိလက်ရောက် စော်ကားခြင်း 

စသည်တို့အပါအဝင် အခြား ပုဒ်မ များစွာ နှင့် ငြိစွန်းနေကြောင်း ထင်ရှားပါသဖြင့် တရားခံ ဖြစ်သူ ၉ မိုင် Golf Club Captain ရဲချုပ်/ဗိုလ်မှူးဟောင်း (ဦး) စိုးဝင်းဆိုသူအား တည်ဆဲတရားဥပဒေအရ ထိရောက်စွာ အရေးယူပေး ပါရန် အများပြည်သူမှတဆင့် နိုင်ငံတော်အစိုးရ တရားဥပဒေ စိုးမိုးရေး ကော်မရှင် သို့ တိုက်ရိုက် အိပ်ဖွင့်အသိပေးလိုက်ပါသည်။

မျက်မြင်သက်သေများ ၏ ပြန်လည် ထွက်ဆိုချက်အရ တရားဥပဒေဘောင်အတွင်းမှပြည်သူများ ၏ ကိုယ်စား


မျိုးချစ်မြန်မာ
(တရားဥပဒေစိုးမိုးရေးသည် မြန်မာအမျိုးသားအားလုံး၏တာဝန်ဖြစ်သည်)
by Myo Chit Myanmar
News Of Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်