Monday, February 18, 2013

လူကုန်ကူး ခံရမှု များသည့် တရုတ်နှင့် ထိုင်းနယ်စပ် တွင် ဆက်ဆံရေး ရုံးများ ထပ်တိုး ဖွင့်မည်

Posted by drmyochit Monday, February 18, 2013, under | No comments

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မြန်မာ အမျိုးသမီးများ အများဆုံး လူကုန်ကူး ခံရလေ့ ရှိသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့ရှိ နှစ်နိုင်ငံ နယ်စပ် များတွင် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေး ရုံးများ ယခုနှစ် အတွင်း ထပ်မံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်း တပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းက ဆိုသည်။ “ဘယ်တော့ လဲ ဆိုတာတော့ အတိအကျ မပြောတတ် သေးဘူး။ ဒါပေမယ့် ဒီနှစ်အတွင်း ကတော့ သေချာ ပါတယ်” ဟု ၄င်းက ဆိုသည်။

မြန်မာနှင့် တရုတ် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေး ရုံးကို နမ့်ဆန်နှင့် လောက်ကိုင်တွင် လည်းကောင်း၊ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေး ရုံးကို မြဝတီနှင့် မဲဆောက် တွင် လည်းကောင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရှိ ရသည်။

မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ လူကုန်ကူးမှု အများဆုံး လမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်း ဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာ လမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော် လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့ထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ် ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်း တို့တွင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံ ဆက်ဆံရေး ရုံးခန်း များ ဖွင့်လှစ်ထားကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့၊ ဒုတိယ ရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြားသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစား များတွင် အဓမ္မ ထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး မြန်မာ အမျိုးသမီး များကို အများဆုံး လူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာ့ လူကုန်ကူးမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်း ကို တရုတ် နိုင်ငံသို့ ပို့ဆောင် နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။


The Voice Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်